ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၁ ရက်

 

တနင်္သာရီတိုင်း၊ ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ၊ ကစယ်ဒိုမြို့နယ်(သရက်ချောင်း)အတွင်းရှိ ကညင်ချောင်းရွာကို ရွေးတုအစိုးရလက်အောက်ခံ စစ်တပ်က ယနေ့ အောက်တိုဘာ ၃၀ ရက်နေ့၊ နေ့လယ်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရေဘေးဒဏ်သင့် ကညင်ချောင်းရွာအတွင်းသို့ K8W ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး တစ်ဆက်တည်းမှာပင် လက်နက်ကြီးဖြင့်လည်း ပစ်ခတ်ခဲ့ကာ ထပ်မံ၍ ပေါင် ၃၀၀ ဗုံးနှစ်လုံးကို ကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ လေဦးးသေဆုံးခဲ့ရကြောင်း သိရသည်။

သေဆုံးသူများမှာ ကညင်ချောင်းကျေးရွာမှ အသက် ၁၀ နှစ်အရွယ် မိန်းကလေး တစ် ဦး၊ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၂၅ နှစ် အရွယ်အမျိုးသားတစ်ဦးနှင့် အသက် ၉၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး တို့ဖြစ်ပြီး အသက် ၁၀ နှစ် နှင့် ၁၅ နှစ် အရွယ် မိန်းကလေး နှစ် ဦး ၊အသက် ၃၅ နှစ်အရွယ် အမျိုးသား တစ် ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းနှင့် နေအိမ်ပျက်စီးမှုများရှိခဲ့ကြောင်းလည်း သိရသည်။

 

ကညင်ချောင်းကျေးရွာသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ဖြစ်ပွါးခဲ့သည့်ရေကြီးရေလျှံမှုဖြစ်စဉ်တွင် ရေဘေးသင့်ခဲ့ရပြီး ဒေသခံ နှစ်ဦး သေဆုံးပျောက်ဆုံးခဲ့ပြီး အိမ်ခြေ ၃၇၆ လုံး ထိခိုက်ပျက်စီးခဲ့သည်။

 

ရေဘေးဒဏ်ကြောင့် ဒေသခံ ၁၆၅၇ ဦးမှာ စားနပ်ရိက္ခာနှင့် နေထိုင်ရေးအခက်အခဲများကို ကြုံတွေ့နေရသည့်အပြင် စစ်တပ်၏ အကြမ်းဖက် လေကြောင်းတိုက်ခိုက်မှုများကိုပါ တစ်ပြိုင်နက် ရင်ဆိုင်ကြုံတွေ့နေရကြောင်းလည်း KNU ကထုတ်ပြန်ထားသည်။

 

ဓါတ်ပုံ – KNU