ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၉ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်တွင်ပြေးဆွဲနေသော မီနီအိုးဝေများ ငှားရမ်းရာတွင် Mobile Application အသုံးပြုခေါ်ယူနိုင်ရေးဆောင်ရွက်နေကြောင်းသတင်းရရှိသည်။
ပုသိမ်မြို့ပေါ်တွင်မောင်းနှင်နေသော မီနီအိုဝေများစည်းကမ်းမဲ့မောင်နှင်းနေပြီး စနစ်တကျဖြစ်စေရန်အတွက် Mobile Application ရေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့နှစ်လောက်ကစပြီး ပုသိမ်မှာအိုးဝေတွေများလာတယ်။ ပိုက်ဆံရှိတဲ့သူတွေက ဘာအလုပ်လုပ်ရမလဲမသိဘူး။ အိုးဝေဝယ်ပြီးတော့ ထောင်ကြတယ်။ တစ်ယောက်စလိုက်တာနဲ့ နောက်ကလိုက်လုပ်ကြတယ်။ အိုးဝေ တက္ကစီတွေများလာတယ် ” ဟု ပုသိမ်မြို့ခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ရပ်ကွက်အလိုက် အိုးဝေစာရင်းကောက်ယူရန်နှင့် ယင်းစာရင်းများတွင် လုပ်ငန်းလိုင်စင်မရှိသေးသော အိုးဝေများကို လုပ်ငန်းလိုင်စင် ပြုလုပ်ပေးမည်ဟုဆိုသည်။
ထို့ပြင် အိုးဝေများအတွက် တူညီဝတ်စုံများ သက်မှတ်ပေးမည်ဖြစ်ပြီး ဂိတ်သက်မှတ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်