ပုလောမြို့နယ်၊ ကဒဲကျေးရွာအနီးတွင် စစ်ကောင်စီယာဥ်တန်း ကား ၃ စီးမိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကားတစ်စီးမီးလောင်ကာ ထိခိုက်မှုများရှိ (ရုပ်/သံ)

ဧရာဝတီတ်ိုင်းမ်

စက်တင်ဘာလ ၂၀ ရက်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာအနီးတွင် စစ်ကောင်စီယာဥ်တန်း ကား ၃ စီးကို ယနေ့နံနက် ၈ နာရီ ၅ မိနစ်အချိန်တွင် ပုလော PDF များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပုလော PDF ထံကသိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကား တစ်စီးမီးလောင်းပြီး

စစ်ကောင်စီတပ်သား အချို့ ထိခိုက်မှုရှိခဲ့တယ် လို့ ပုလော PDF တပ်ဖွဲ့ဝင်များက ပြောသည်။

“သတင်းရလို့ မနက်အစေားကြီးကတည်းက ကျွန်တော်တို့စောင့်နေပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။သူတို့ဘက်က ကားတစ်စီးမီးလောင်သွား ထိခိုက်မှုတွေလဲ များနိုင်တယ်။ မိုင်းဆွဲပီးသိပ်မကြာဘူး သူတို့ဘက်က လက်နက်ငယ်တွေနဲ့ ပြန်ပီးပစ်ခတ်ခဲ့သေးတယ်” လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဧရာဝတီတ်ိုင်းမ်ကို ပြောသည်။

ထိုတိုက်ပွဲကို ပုလော PDF နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊မြိတ်ခရိုင်တပ်ရင်း(၁)နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့တို့ မှ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိပဲ အောင်မြင်စွာဆုတ်ခွာခဲ့နိုင်တယ် လို့ ပုလော PDF ကပြောသည်။

ရုပ်သံ-ပုလော PDF

#Ayeyarwaddy_Times