ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၄ ရက်

 

တရုတ်နိုင်ငံအရှေ့ပိုင်းရှိ တရားရုံးတစ်ရုံးက မြန်မာနိုင်ငံမှာ ကျားဖြန့်ကွန်ရက်တွေ လုပ်ကိုင်ခဲ့တဲ့ ရာဇဝတ်ဂိုဏ်းဝင် သုံးဦးကို သေဒဏ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

 

အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်အရ တရုတ်နိုင်ငံအရှေ့တောင်ပိုင်း၊ ဖူကျန့်ပြည်နယ် ချွမ် ကျိုးပြည်သူ့တရားရုံးက ကိုးကန့် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ခေါင်းဆောင်ဟောင်း ဝေဆန်း၊ ချန်းတာ့ ဝေနဲ့ လျောင်းကျင်းဖန်တို့ကို သေဒဏ်အမိန့် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

 

ယင်းရာဇဝတ်ဂိုဏ်းဟာ “ဝေမိသားစု ရာဇဝတ်ဂိုဏ်း” လို့ လူသိများပြီး မူးယစ်ဆေးဝါး မှောင်ခိုကူး မှု၊ တရားမဝင် ပြည့်တန်ဆာလုပ်ငန်း၊ တရားမဝင် လောင်းကစားလုပ်ငန်းတွေမှာ ပါဝင်ခဲ့ပါတယ်။

ကျားဖြန့်လုပ်ငန်းတွေနဲ့ တရုတ်နိုင်ငံသား အနည်းဆုံး နှစ်ဦးထက်မနည်းကို သတ်ဖြတ်ခဲ့တဲ့ ရာဇ ဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ တရားရုံးက ဆိုပါတယ်။

ဝေဆန်းဟာ အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်ပြီး လူသတ်မှု အပါအဝင် ရာဇဝတ်မှု အများအပြားနဲ့ ပြစ်မှုထင်ရှားခဲ့တယ်လို့ တရားရုံးက ပြောပါတယ်။

 

အဲဒီအမှုမှာ အခြားလူသုံးဦးကိုလည်း တစ်သက်တစ်ကျွန်း ထောင်ဒဏ် ချမှတ်ခဲ့ပြီး လူ ၅၅ ဦးကို ထောင်ဒဏ် ၃ နှစ် ၃ လကနေ ၂၄ နှစ်အထိ အသီးသီး ချမှတ်ခဲ့ပါတယ်။

 

အဆိုပါဂိုဏ်းရဲ့ လုပ်ငန်းတွေကနေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံကျော် ရရှိခဲ့တယ်လို့ တရားရုံးက ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်နိုင်ငံပိုင် CCTV ရုပ်သံဌာနရဲ့ ဖော်ပြချက်အရ အဆိုပါဂိုဏ်းဟာ ကျားဖြန့်လုပ်ငန်း ၁၄ ခုကို လည်ပတ်ခဲ့ပြီး တရုတ်နိုင်ငံသား ထောင်ပေါင်းများစွာကို လစာကောင်းပေးမယ်ဆိုပြီး လိမ်လည်လှည့်ဖြား ခေါ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

 

အခုလို အမိန့်ချမှတ်လိုက်တာဟာ အရှေ့တောင်အာရှမှာ ကြီးထွားလာတဲ့ နယ်စပ်ဖြတ်ကျော် ကျားဖြန့်ဂိုဏ်းတွေကို တရုတ်အစိုးရက နှိမ်နင်းမှုတွေ အရှိန်မြှင့်လုပ်ဆောင်နေတာကို ပြသနေပါတယ်။

 

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေး အဖွဲ့အစည်း (IOM) ရဲ့ ဇူလိုင်လက သတိပေးချက်အ ရ အရှေ့တောင်အာရှရှိ ကျားဖြန့်စင်တာတွေမှာ အလုပ်သမားပေါင်း ၃၀၀,၀၀၀ အထိ ရှိနေတယ်လို့ ဆိုပါ တယ်။

 

အဲဒီစင်တာတွေဟာ အနောက်နိုင်ငံတွေက လူတွေ၊ အထူးသဖြင့် သက်ကြီးရွယ်အိုတွေကို ပစ်မှတ် ထားပြီး အွန်လိုင်းမှ ငွေကြေးလိမ်လည်တဲ့ စနစ်တွေကို အသုံးပြုနေပါတယ်။

 

ကျားဖြန့်လုပ်ငန်းတွေထဲက အများစုဟာ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသားတွေ ဖြစ်ကြပြီး ထောင်နဲ့ တူတဲ့ အဆောက်အအုံတွေထဲမှာ အဓမ္မ အလုပ်ခိုင်းစေခံနေရပါတယ်။

 

အခုလို အရေးယူမှုတွေ ဆက်တိုက်ပေါ်ထွက်လာတာနဲ့အမျှ ဒေသတွင်း တရားမဝင် ကျားဖြန့်လုပ် ငန်းတွေအပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေဆဲ ဖြစ်ပါတယ်။

 

News: Al Jazeera
Ref; China sentences three people to death for running Myanmar scam centres