ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၄ ရက်
အမေရိကန်နိုင်ငံအထိ ပစ်ခတ်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ကာကွယ်ရေးပြတိုက်တစ်ခုမှာ ထုတ်ဖော်ပြသခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန KCNA က ဖော်ပြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အာရှခရီးစဉ်အတွင်း ကင်ဂျုံအန်နဲ့ တွေ့ဆုံနိုင်ခြေရှိတယ်လို့ ပြောဆိုခဲ့ပြီးနောက် တစ်ရက်အကြာမှာ အခုသတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ နိုဝင်ဘာလလယ်မှာ တရုတ်နိုင်ငံမှာ ကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေး ပူး ပေါင်းဆောင်ရွက်ရေး (APEC) ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ မျှော်လင့်ရပါတယ်။
ကင်ဂျုံအန်ဟာ သမီးဖြစ်သူ ဂျူအေး၊ ဇနီးဖြစ်သူ လီဆိုဂျူတို့နဲ့အတူ အသစ်ဖွင့်လှစ်လိုက်တဲ့ ကာ ကွယ်ရေးပြတိုက်ကို တနင်္ဂနွေနေ့က သွားရောက်ခဲ့ပါတယ်။
အဆိုပါပြတိုက်မှာ ကင်ဂျုံအန်လက်ထက် တည်ဆောက်ခဲ့တဲ့ ဒရုန်းတွေကနေ ဟွာဆောင်း-၂၀ (Hwasong-20) မဟာဗျူဟာမြောက် ဒုံးကျည်အထိ လက်နက်တွေကို ခင်းကျင်းပြသထားပါတယ်။

ဟွာဆောင်း-၂၀ ဒုံးကျည်ရှေ့မှာ ပြသထားတဲ့ ပြကွက်တစ်ခုမှာ ထိပ်ဖူးမျိုးစုံ တပ်ဆင်နိုင်တဲ့ ပုံစံနဲ့ အမေရိကန်နိုင်ငံတင်မကဘဲ အရှေ့အလယ်ပိုင်း၊ ဩစတြေးလျနဲ့ တောင်အမေရိကအထိ ရောက်ရှိနိုင်တဲ့ ကမ္ဘာ့မြေပုံ ပစ်မှတ်တွေကိုပါ ပြသထားပါတယ်။
ကင်ဂျုံအန်ရဲ့ ကာကွယ်ရေးကဏ္ဍ တိုးတက်မှုတွေကို ပေါ်လွင်စေဖို့ ကြိုးပမ်းတာလို့ ကိုရီးယား ကာကွယ်ရေးနဲ့ လုံခြုံရေး ဖိုရမ် အထွေထွေ အတွင်းရေးမှူး ရှင်ဂျုံဝူက သုံးသပ်ပါတယ်။
အမေရိကန်နဲ့ မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေး မတိုင်မီ မဟာဗျူဟာမြောက် အသာစီးရရှိ ရေး ဝါဒဖြန့်တာလည်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုပါတယ်။
မြောက်ကိုရီးယားဟာ နည်းပညာအဆင့်မြှင့်တင်မှုကို စမ်းသပ်ဖို့အတွက် နည်းဗျူဟာမြောက် ဒုံး ကျည်တစ်စင်းကို တနင်္လာနေ့က စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ အဆင့်မြှင့်တင်မှုဟာ တိုက်စစ်ဆင်ရေး လက်နက်စနစ်အားလုံးရဲ့ စွမ်းဆောင်ရည်ကို မြှင့် တင်ရာမှာ အရေးပါတဲ့ ခြေလှမ်းဖြစ်ကြောင်း KCNA က ဖော်ပြပါတယ်။
တောင်ကိုရီးယားစစ်တပ်က မြောက်ကိုရီးယားဟာ အရှေ့ဘက် ကမ်းလွန်ပင်လယ်ဆီ ဒုံးကျည် တွေ ပစ်ခတ်ခဲ့တာကို တနင်္လာနေ့မှာ အတည်ပြုခဲ့ပါတယ်။
ဒီပစ်ခတ်မှုဟာ တောင်ကိုရီးယားရဲ့ အသံထက်မြန်သော ဒုံးကျည် စမ်းသပ်အပြီး တစ်လအတွင်း မြောက်ကိုရီးယားရဲ့ ၄ ကြိမ်မြောက် ဒုံးကျည်စမ်းသပ်မှု ဖြစ်ပါတယ်။
News: Reuters
Ref; North Korea’s Kim showcases missile capable of reaching US