ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၄ ရက်

 

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ ပခမ်းရပ်ကွက်၊ ကမ်းနားကြီးပွဲရုံတန်းရှိ ပြည့်စုံဖြိုးဆန်စပါးပွဲရုံမှစတင်ပြီး ယနေ့ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။

 

ယနေ့ အောက်တိုဘာ ၁၄ ရက်၊ နံနက် ၃ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် အဆိုပါပွဲရုံတန်း၌ မီးစတင်လောင် ကျွမ်းခဲ့ခြင်းဖြစ်ပြီး ပွဲရုံ ၁၀ ရုံခန့် မီးလောင်ပျက်စီးသွားခဲ့ကြောင်း မီးသတ်ထံမှ သိရသည်။

မီးငြှိမ်းသတ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ဟင်္သာတခရိုင်မီးသတ်စခန်း၊ ဟင်္သာတမြို့နယ်မီးသတ်စခန်း၊ ပန်းပဲတန်းနယ်မြေမီးသတ်စခန်း၊ ဘုရားကြီးနယ်မြေမီးသတ်စခန်းနှင့် ဥယျာဉ်မြောက်နယ်မြေမီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များနှင့် မီးသတ်ယာဉ်များ ပါဝင်ခဲ့ကြပြီး နံနက် ၅ နာရီ ၄၀ မိနစ်အချိန်တွင် အပြီးသတ် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

 

မီးလောင်ကျွမ်းရသည့် အကြောင်းရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။