ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၃ ရက်
ရုရှား စွမ်းအင် အခြေခံအဆောက်အအုံတွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်နေတာတွေ မရပ်တန့်ရင် ယူကရိန်းကို လက်နက်ထောက်ပံ့နေတာ ရပ်ဆိုင်းပစ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်း ခြောက်လိုက်ပါတယ်။
အမေရိကန် လက်နက်တွေကို ဥရောပ မဟာမိတ်တွေက ဝယ်ယူပြီး ယူကရိန်းထံ လွှဲပြောင်းပေး နေတဲ့စနစ် ရပ်ဆိုင်းသွားနိုင်တယ်လို့ အိမ်ဖြူတော်က ဥရောပအရာရှိတွေကို အသိပေးခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဇီလန်စကီးက ရုရှား ရေနံချက်စက်ရုံတွေကို ဆက်တိုက် တိုက်ခိုက်နေတဲ့အပေါ် ဒေါ်နယ်ထရမ့်က အလွန် စိတ်ပျက်နေပြီး သတင်းအချက်အလက် မျှဝေတာတွေကိုပါ ပိတ်ပင်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
ရုရှားနဲ့ ယူကရိန်းကြား စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ရရှိပြီလို့ ဒေါ်နယ်ထရမ့်က လူမှု ကွန်ရက် Truth Social မှာ ကြေညာခဲ့ပြီး စည်းကမ်း မချိုးဖောက်ဖို့ သတိပေးလိုက်ပါတယ်။
အဆိုပါကြေညာချက် ထွက်ပေါ်ပြီး မကြာမီမှာ ရုရှားက ခါကိဗ်မြို့ရှိ ယူကရိန်း ဓာတ်အားပေးစက် ရုံတစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ရုရှားက ယူကရိန်း စွမ်းအင်စနစ်နဲ့ ပြည်သူတွေကို တိုက်ခိုက်နေတာတွေကို ရပ်တန့်မှသာ ရုရှား ရေနံချက်စက်ရုံတွေကို တိုက်ခိုက်နေတာကို ရပ်တန့်မယ်လို့ ဇီလန်စကီးက တုံ့ပြန်ခဲ့ပါတယ်။
ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ရှ်ကော့က အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက် ရမရ ဆိုတာကို အတည်မပြုဘဲ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတုန်းပဲလို့ ဆိုပါတယ်။
အမေရိကန်ရဲ့ လက်နက်ထောက်ပံ့မှုနဲ့ သတင်းအချက်အလက် မျှဝေမှုများ ရပ်ဆိုင်းသွားရင် ယူ ကရိန်း ကာကွယ်ရေးစနစ်အတွက် ကြီးမားတဲ့ ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။
လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်တွေ ပြတ်လပ်နေတဲ့ ယူကရိန်းအတွက် ပက်ထရီယော့ဒုံး ကျည်များ ရရှိရေးမှာ ပိုမို ခက်ခဲသွားဖွယ် ရှိနေပါတယ်။
အမေရိကန်အစိုးရဟာ ၂၀၂၅ ခုနှစ် မတ်လမှာ ဇီလန်စကီးနဲ့ တွေ့ဆုံပြီးနောက် သတင်းအချက်အ လက် မျှဝေမှုကို ခေတ္တ ဆိုင်းငံ့ခဲ့ဖူးပါတယ်။
ဒီလို ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်လို့ အိမ်ဖြူတော်က တရားဝင် မှတ်ချက်ပေးဖို့ ငြင်းဆန်ထား ပါတယ်။
ဥရောပသမဂ္ဂ၊ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ကာဂျာကာလက်စ်က စွမ်းအင်စနစ်များ တိုက်ခိုက်မှု ရပ်တန့်ရေးကို ကြိုဆိုပေမဲ့ ရုရှားက လိုက်နာမှာမဟုတ်ဖူးလို့ ထောက်ပြပါတယ်။
ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ရုရှား ရေနံတင်ပို့မှု လျော့ကျပြီး ကမ္ဘာ့ရေနံဈေးနှုန်း တွေ မြင့်တက်လာမှုအပေါ် ဒေါ်နယ်ထရမ့်က ဒေါသထွက်နေပါတယ်။
အမေရိကန်ရဲ့ ရေနံဈေးနှုန်း သက်သာစေဖို့ ကြိုးပမ်းမှုတွေနဲ့အတူ ယူကရိန်းနဲ့ အမေရိကန်ကြား ဆက်ဆံရေးမှာ ပိုမို တင်းမာလာပါတယ်။
News: The Telegraph
Ref; Trump threatens to cut off Ukraine’s weapon supplies