ယူကရိန်းရှိ ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေအားလုံးကို ပြန်သိမ်းပိုက်မယ်လို့ သမ္မတ ဇီလန်စကီး ကတိပြု

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၉ ရက်

ယူကရိန်းတပ်ဖွဲ့တွေက အရှေ့ပိုင်းရှိ တန်ပြန်ထိုးစစ်ဆင်မှု ဆက်လက်လုပ်ဆောင်နေစဉ် နိုင်ငံတွင်းရှိ ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေအားလုံးကို ပြန်လည်သိမ်းပိုက်မယ်လို့ သမ္မတ ဇီလန်စီးက ကတိပြုလိုက်ပါတယ်။

အရေးပါတဲ့ မြို့ကြီးတွေဖြစ်တဲ့ မာရီယာပူလ်၊ မီလီတိုပူလ်နဲ့ ခါဆင်မြို့တို့ကို နောက်တစ်ဆင့် တန်ပြန် ထိုးစစ်ဆင်မှုအတွင်း ပြန်လည်သိမ်းပိုက်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ ရုပ်သံမိန့်ခွန်းတစ်ခုအတွင်း ဇီလန်စ ကီးက ပြောပါတယ်။

“ယူကရိန်းစစ်တပ်က ရုရှားကျူးကျော်စစ်မတိုင်မီ ထိန်းချုပ်ခဲ့တဲ့ ပိုင်နက်နယ်မြေတွေသာမက ၂၀၁၄ ခု နှစ်ကတည်းက ရုရှားကျောထောက်နောက်ခံ ခွဲထွက်ရေးသမားတွေရဲ့ လက်ထဲကျ ရောက်နေတဲ့ ဒွန်ဘတ်စ်နဲ့ ခ ရိုင်းမီးယားဒေသကိုလည်း ပြန်လည်သိမ်းပိုက်မယ်လို့ ဇီလန်စကီးက ဆိုပါတယ်။

ရုရှားနိုင်ငံက ဖေဖော်ဝါရီလအတွင်း ကျူးကျော်စစ်ပွဲ စတင်ပြီးနောက်ပိုင်း ယူကရိန်းတောင်ပိုင်းနဲ့ အရှေ့ ပိုင်းရှိ ဒေသများစွာကို သိမ်းပိုက်ခဲ့ပြီး လက်ရှိမှာ ယူကရိန်းနိုင်ငံရဲ့ ငါးပုံတစ်ပုံကို ထိန်းချုပ်ထားပါတယ်။

ရုရှားနိုင်ငံက ပြီးခဲ့တဲ့ဆယ်ရက်အတွင်း ယူကရိန်းနိုင်ငံမှာ ဂျက်တိုက်လေယာဉ် လေးစင်းထက်မနည်း ဆုံး ရှုံးခဲ့ဖွယ်ရှိတာကြောင့် ကျူးကျော်စစ်ပွဲနောက်ပိုင်း ဂျက်တိုက်လေယာဉ် ၅၅ စင်းအထိ ဆုံးရှုံးခဲ့ပြီလို့ ဗြိတိန်စစ်တပ် က ပြောပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေရဲ့ တန်ပြန်ထိုးစစ်ဆင်မှုဖိအားကြောင့် ရုရှားမြေပြင်တပ်ဖွဲ့များကို လေကြောင်းပစ် ကူပေးရာမှာ ရုရှားလေတပ်ဖွဲ့အတွက အန္တရာယ်များတာကြောင့် အခုလို ဂျက်တိုက်လေယာဉ်တွေ ဆုံးရှုံးရတာ ဖြစ်တယ်လို့ ဗြိတိန်စစ်တပ်က ဆိုပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေရဲ့ ထိရောက်တဲ့ တန်ပြန်ထိုးစစ်ဆင်မှုနဲ့ ပြည်တွင်းမှ အမတ်အချို့ရဲ့ ရာထူးမှနှုတ် ထွက်ပေးရန် တောင်းဆိုမှုကြောင့် ရုရှားသမ္မတ ဗလာဒီမာပူတင်လည်း ဖိအားပေးခံနေရတယ်လို့ သိရပါတယ်။

ကိုးကား – DPA

Ref; Zelensky pledges to retake all Russian-occupied territory in Ukraine