ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၁ ရက်

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်ယာစွန်း နိုင်ငံရေးသုံးသပ်သူ ကေတီဇာကာရီယာကို အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန်အဖြစ် ခန့်အပ်လိုက်ပါတယ်။

 

အသက် ၄၂ နှစ်အရွယ် ဇာကာရီယာဟာ ဒေါ်နယ်ထရမ့်ရဲ့ သမ္မတသက်တမ်းနှစ်ခုအတွင်း ခန့်အပ်ခံရတဲ့ ဆဋ္ဌမမြောက် ပြန်ကြားရေးအဓိက တာဝန်ရှိသူလည်း ဖြစ်ပါတယ်။

 

သူဟာ လက်ရှိအချိန်မှာ Trump Media & Technology Group မှာ တာဝန်ထမ်းဆောင်နေသူဖြစ် ပြီး အမိမြေလုံခြုံရေး ဝန်ကြီးဌာနမှာလည်း ခဏတာ လုပ်ကိုင်ခဲ့ဖူးပါတယ်။

ဒေါ်နယ်ထရမ့်က ဇာကာရီယာဟာ မိမိပေါ် အမြဲတမ်း သစ္စာရှိသူ ဖြစ်သလို MAGA လှုပ်ရှားမှုကို အပြည့်အဝ ထောက်ခံသူဖြစ်တယ်လို့ Truth Social မှာ ချီးကျူးခဲ့ပါတယ်။

 

ဇာကာရီယာက သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အမေရိကန်ပြည်သူတွေအတွက် လုပ်ဆောင်ပေးရတာ ဟာ ဘဝအတွက် အကြီးမားဆုံး ဂုဏ်ယူစရာပဲလို့ ပြောပါတယ်။

 

ဇာကာရီယာဟာ Newsmax နဲ့ Fox News ရုပ်သံလိုင်းတွေမှာ ခကြာခဏ ပါဝင်ဆွေးနွေးလေ့ရှိပြီး ရီပတ်ဘလစ်ကန်ပါတီမှာလည်း ငယ်စဉ်ကတည်းက ပါဝင်လှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။

 

၎င်းဟာ ပြီးခဲ့တဲ့ ဇွန်လကတည်းက ဒေါ်နယ်ထရမ့်ရဲ့ မီဒီယာကုမ္ပဏီနဲ့ Truth Social ပလက် ဖောင်းမှာ အကြီးတန်း ဆက်သွယ်ရေး အကြံပေးအဖြစ် တာဝန်ယူခဲ့ပါတယ်။

 

မိသားစုကိစ္စကြောင့် အမိမြေလုံခြုံရေး ဝန်ကြီးဌာနမှ ထွက်ခွာခဲ့ပေမဲ့ ဒေါ်နယ်ထရမ့်ရဲ့ မူဝါဒတွေ ကို အစဉ်အမြဲ တတ်စွမ်းသမျှ အပြည့်အဝ ကာကွယ်မယ်လို့ ဇာကာရီယာက ဆိုပါတယ်။

 

နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ဒေါ်နယ်ထရမ့်ရဲ့ ဒုတိယသက်တမ်းအတွင်း ရာထူး ခန့်အပ်မှု တွေဟာ သစ္စာစောင့်သိမှုကို အဓိက ဦးစားပေးလေ့ရှိတယ်လို့ ထောက်ပြကြပါတယ်။

 

ပက်ပလာဒင်း တက္ကသိုလ်မှ ဥပဒေဘွဲ့ ရရှိထားတဲ့ ဇာကာရီယာဟာ လက်ယာစွန်း အဖွဲ့အစည်း တစ်ခုမှာ ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

 

အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ရာထူးဟာ သတင်းမီဒီယာတွေနဲ့ ဆက်ဆံရေးကို ထိန်း သိမ်းရုံသာမက သမ္မတအတွက်ပါ မီဒီယာဆိုင်ရာ အကြံဉာဏ်ပေးရတဲ့ တာဝန်ကြီးတစ်ခု ဖြစ်ပါတယ်။

 

မီဒီယာ ကျွမ်းကျင်သူတွေကတော့ ဇာကာရီယာကို ခန့်အပ်လိုက်တာဟာ မီဒီယာအမျိုးမျိုးကြား နယ်နိမိတ်တွေ ပိုမို ပျောက်ကွယ်လာတာကို ဖော်ပြနေတယ်လို့ သုံးသပ်ထားပါတယ်။

 

News: BBC
Ref; Commentator Katie Zacharia picked as new White House press secretary