ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၁ ရက်
အမေရိကန်နိုင်ငံသားတွေကို တရားစွဲဆိုနိုင်ခြေ ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံတကာ ရာ ဇဝတ်ခုံရုံး (ICC) ကို ဒဏ်ခတ်ပိတ်ဆို့ကြောင်း အမေရိကန်အစိုးရက ထုတ်ပြန်လိုက်ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်က ဒီနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုကို ICC တရားသူကြီးဟောင်းတစ်ဦးအား ပေးအပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်လိုက်ပါတယ်။
နော်ဝေ နိုဘယ်ဆု ရွေးချယ်ရေးကော်မတီဟာ ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာ ဥပဒေရေးရာ တိုးတက် ရေးအတွက် ကြိုးပမ်းခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တရားသူကြီး နာဗီပီလေးကို နိုဘယ် ငြိမ်း ချမ်းရေးဆု ပေးအပ်ကြောင်း သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။
တောင်အာဖရိကနိုင်ငံသူ နာဗီပီလေးဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၊ ICC တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အစ္စရေးက ဂါဇာမှာ ပါလက်စတိုင်းတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေတယ်ဆိုတဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကိုလည်း ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။
နယူးယောက်ပြည်နယ်မှာ ပြုလုပ်တဲ့ မဲဆွယ်ပွဲတစ်ခုမှာ ဒေါ်နယ်ထရမ့်က အဆိုပါ နိုဘယ်ဆုရှင်ကို ဘယ်သူမှ မသိတဲ့ အမည်မသိ ပုဂ္ဂိုလ်တစ်ဦးလို့ ပြောဆိုခဲ့ပါတယ်။
စစ်ပွဲ ၈ ခုကို ရပ်တန့်ပေးခဲ့တဲ့ သူနဲ့ အမေရိကန်ပြည်ထောင်စုကပဲ နိုဘယ်ငြိမ်းချမ်းရေးဆုကို ရရှိ သင့်တာလို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။ ဒီလို သမိုင်းဝင် စံချိန်တင် ဆောင်ရွက်ခဲ့တာကိုမှ ဆုမပေးခဲ့တဲ့ နော်ဝေနိုင်ငံကို အမေရိကန်အနေ နဲ့ မေ့ပျောက်ထားမှာ မဟုတ်ဘူးလို့ ၎င်းက ခြိမ်းခြောက်ခဲ့ပါတယ်။
အမေရိကန်အစိုးရဟာ ဩဂုတ်လအတွင်း ICC တရားသူကြီးချုပ် အာကာနဲတိုမိုကိုကို ဒဏ်ခတ် ပိတ်ဆို့ခဲ့ပြီး အသစ်ထုတ်ပြန်လိုက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအရ အမေရိကန်မှတစ်ဆင့် ပြုလုပ်မယ့် ICC ရဲ့ ဘဏ္ဍာရေးဆိုင်ရာ လွှဲပြောင်းမှုအားလုံးကို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ထည့်ဝင်ငွေနဲ့ ဝန်ထမ်း လစာပေးချေမှု အပါအဝင် ပုံမှန် လုပ်ငန်းစဉ်တွေအတွက် ဘဏ္ဍာရေး လွှဲပြောင်းမှုတွေကိုတော့ သံတမန်ရေးအရ ဖြေရှင်းနိုင်ဖို့ ရက် ၁၈၀ လွတ်ငြိမ်းခွင့် ပေးထားပါတယ်။
အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ကြိုဆိုလိုက် ပြီး ICC ဟာ တရားရုံး အစစ်အမှန် မဟုတ်ဘဲ ကမ္ဘာတစ်ဝန်းက ဒီမိုကရေစီနိုင်ငံတွေကို ခြိမ်းခြောက်နေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုလို့ စွပ်စွဲလိုက်ပါတယ်။
ဂျပန်၊ ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်၊ အီတလီ၊ ကနေဒါ၊ နယ်သာလန်နဲ့ ဒိန်းမတ်မှ နိုင်ငံခြားရေးဝန် ကြီးတွေက အမေရိကန်ရဲ့ အရေးယူမှုကို စိတ်ပျက်ရကြောင်းနဲ့ ပြင်းထန်စွာ ကန့်ကွက်ကြောင်း ပူးတွဲ ကြေ ညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက အမေရိကန်ရဲ့ အရေးယူမှုကို ရှုတ်ချခဲ့ပြီး ICC တရားရုံးကို ဝန်းရံပေးကြဖို့ ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။
News: NHK World
Ref; Trump slams Nobel peace prize, sanctions ICC