ဒရုန်းနဲ့လာချမယ့် PDF ပြန်လမ်းမရှိစေရဘူးဆိုတဲ့ကျောက်ရစ်ရဲစခန်းကို ဒရုန်းနဲ့ဗုံးကြဲလို့ စခန်းမှူးအပါ ၅ ဦးထက်မနည်း သေဆုံး

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၉ ရက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်နယ်မြေရဲစခန်းကို ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့ မနက်ပိုင်းတွင် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့- CDSOM တာဝန်ရှိသူတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ကျောက်ရစ်နယ်မြေရဲစခန်းမှ ရဲစခန်းမှူးဆိုသူသည် ”ဒရုန်းနဲ့ဗုံးလာချမယ့် PDF ပြန်လမ်းမရှိစေရဘူး” ဟု ကြွေးကြော်ထားသူဖြစ်၍ မြောင်မဟာ မိတ်ပူးပေါင်းအဖွဲ့များက အဆိုပါ ကျောက်ရစ်ရဲစ ခန်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျောက်ရစ်စခန်းမှူးက ကြိုက်တဲ့ဒရုန်းလာချ ပြန်လမ်းမရှိစေရဘူးလို့ စိန်ခေါ်ထားတာ။ အဲဒါကြောင့် စခန်းပေါ်ချပေးလိုက်တာ။ ထိခိုက်မှုများတယ် ဘယ်နှစ်ကောင်ကြွသွားလည်းတော့ သေချာမသိရသေးဘူး”ဟု CDSOM တာဝန်ခံက ပြောသည်။

အဆိုပါရဲစခန်းဒရုန်းနှင့်ဗုံးကျဲခံရမှုတွင် ကျောက်ရစ်နယ်မြေရဲစခန်းမှူးအပါအဝင် ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရဲအသိုင်းအဝိုင်းနှင့်နီးစပ်သည့် ဒေသခံတစ်ဦးက ဆိုသည်။

မြောင်မြို့နယ်၊ ကျောက်ရစ်ရွာရှိ ရဲစခန်းကို ယနေ့နံနက်ပိုင်းက မဟာမိတ်အဖွဲ့ဖြစ်သည့် Wings of the Irrawaddy၊ Chaung U Revolutionary Army၊ CDSOM၊ Young Fighter နှင့် နယ်မြေခံလုံခြုံရေးအဖွဲ့တို့မှ ပူးပေါင်းပြီး ဒရုန်းနှစ်စင်းဖြင့် ဗုံးသီးနှစ်လုံးချ တိုက်ခိုက်ခဲ့ကြောင်း Wings of the Irrawaddy တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

#Ayeyarwaddy_Times