ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၀ ရက်

အိန္ဒိယ ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲ ဂျာနက်ကူးမား နှုတ်ထွက်ပေးဖို့နဲ့ ရွေးကောက်ပွဲ ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ပေးဖို့ တောင်းဆိုတဲ့ Gen Z လူငယ်တွေရဲ့ ဆန္ဒပြပွဲကြောင့် အာဏာ ပိုင်တွေက မြို့တော်ဒေလီမှာ လုံခြုံရေး တင်းကြပ်ထားပါတယ်။

မဲဆန္ဒရှင်စာရင်းတွေကို မသမာတဲ့ နည်းလမ်းနဲ့ ပြင်ဆင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ကော်မရှင် အကြီးအကဲ နှုတ်ထွက်ဖို့ တောင်းဆိုနေပြီး ရွေးကောက်ပွဲ ကော်မရှင်က ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

ရဲတပ်ဖွဲ့က ဆန္ဒပြပွဲပြုလုပ်ဖို့ ခွင့်ပြုချက်မပေးဘဲ အဓိက ဆန္ဒပြမယ့် ဂျန်သာမန်သာနေရာကို သွားတဲ့ လမ်းအသီးသီးကို သံဆူးကြိုးတွေ၊ အတားအဆီးတွေနဲ့ ပိတ်ဆို့ထားပါတယ်။

ဆန္ဒပြသူတွေ စုဝေးမလာနိုင်အောင် ဒေလီမြို့ဆီ ထွက်ခွာမယ့် ရထားအချို့ကို ဖျက်သိမ်းလိုက်သ လို မြေအောက်ရထား ဘူတာရုံ အမြောက်အမြားကိုလည်း ပိတ်ထားပါတယ်။

ဒီဆန္ဒပြပွဲကို ဦးဆောင်တဲ့ Cockroach Janata Party (CJP) ရဲ့ ထူထောင်သူ အဘီဂျစ်ဒစ်ကဲက ဘာပဲဖြစ်ဖြစ် ဂျန်သာမန်သာကို ချီတက်မှာဖြစ်ပြီး ထောင်ချချင်လည်း ချ၊ ပစ်သတ်ချင်လည်း သတ်၊ ငြင်းဆန်မှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီထံ X လူမှုကွန်ရက်မှတစ်ဆင့် အသိပေးထားပါ တယ်။

CJP ဟာ နွေရာသီတုန်းက ပညာရေးပြုပြင်ပြောင်းလဲဖို့ ဆန္ဒပြခဲ့ကြတာကြောင့် ပညာရေးဝန်ကြီး ဒါမန်ဒရာပရာဒန် ဇူလိုင်လမှာ နှုတ်ထွက်ပေးခဲ့ရပြီး အောင်ပွဲတစ်ခု ရရှိခဲ့ဖူးပါတယ်။

စနေနေ့ ဆန္ဒပြပွဲဟာ အတိုက်အခံ နိုင်ငံရေးပါတီတွေ၊ လယ်သမား အဖွဲ့အစည်းတွေနဲ့ ကျောင်း သား အဖွဲ့အစည်းတွေပါ ပါဝင်လာကြတာကြောင့် နောက်ပိုင်းကာလတွေအတွင်း အကြီးမားဆုံး ဆန္ဒပြပွဲ ဖြစ်လာပါတယ်။

ဒေလီမြို့အတွင်း လုံခြုံရေးအတွက် ရဲနဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၃၀,၀၀၀ ကျော် ဖြန့်ကြက်ထားပြီး ပြည်သူတွေကို ဆန္ဒပြပွဲနယ်မြေတွေနဲ့ ဝေးဝေးနေကြဖို့ အာဏာပိုင်တွေက မေတ္တာရပ်ခံထားပါတယ်။

ဆန္ဒပြပွဲ ဖြစ်ပွားရတဲ့ အဓိက အကြောင်းအရင်းမှာ ပြီးခဲ့တဲ့နှစ်က စတင်ခဲ့တဲ့ မဲဆန္ဒရှင်စာရင်း ပြန် လည်စိစစ်ရေး စီမံကိန်း (SIR) ကြောင့် ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က နာမည်ထပ်နေသူတွေနဲ့ မဲပေးပိုင်ခွင့် မရှိသူ သန်း ၁၃၀ ကို ပယ်ဖျက် ခဲ့တာ ဖြစ်ပေမဲ့ အတိုက်အခံတွေက မိုဒီရဲ့ BJP ပါတီ အနိုင်ရဖို့အတွက် မဲစာရင်းတွေကို ပြင်ဆင်နေတာလို့ စွပ်စွဲထားပါတယ်။

News: BBC
Ref; Thousands of security personnel deployed as Delhi braces for ‘cockroach’ protest