ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၉ ရက်
ယူကရိန်းနိုင်ငံအရှေ့ပိုင်း ကရာမာတော့စ်ခ်မြို့မှာ အရပ်သား ခရီး သည်တင် ဘတ်စ်ကားနှစ်စီးကို ရုရှားက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူ ၃၀ ဉီးထက်မနည်း သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေး တာဝန်ရှိသူတွေ က ပြောပါတယ်။
အနီးနားက ဘီလင်ကီကျေးရွာမှာ လူ သုံးဦး သေဆုံးခဲ့ရပြီး နောက်ထပ် လူ ၁၈ ဦး ဒဏ်ရာရရှိခဲ့ တယ်လို့ ဒိုးနက်ခ်ဒေသ အုပ်ချုပ်ရေးမှူး ဗာဒင်းဖီလာရှ်ကင်းက ပြောပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ယူကရိန်းသမ္မတ ဇီလန်းစကီးက လက်တုံ့ပြန်မယ်လို့ ကတိပြုခဲ့ပြီး ရုရှားရဲ့ လုပ်ရပ်အပေါ် ကမ္ဘာ့နိုင်ငံတွေက ပြင်းပြင်းထန်ထန် တုံ့ပြန်ပေးကြဖို့ Telegram မှတစ်ဆင့် ဆော် သြလိုက်ပါတယ်။

အခုတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ရုရှားက တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုတာ မရှိပေမဲ့ ယူကရိန်း တစ်ဝှမ်း ရုရှားရဲ့ တိုက်ခိုက်မှုတွေ အရှိန်မြင့်တက်လာပြီး အရပ်သား သေဆုံးမှုတွေ များပြားလာပါတယ်။
ကုလသမဂ္ဂရဲ့ စာရင်းဇယားတွေအရ ဒီနှစ် သြဂုတ်လအထိ ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ ရတဲ့ ယူကရိန်း အရပ်သားအရေအတွက်ဟာ ၂၀၂၅ ခုနှစ် တစ်နှစ်လုံးထက် ပိုမိုများပြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ပရီလူကီမြို့ရှိ ငါးထပ်တိုက်တစ်လုံးကို ရုရှားက တိုက်ခိုက်ခဲ့တာကြောင့် က လေးငါးဦးအပါအဝင် လူ ၂၂ ဦး သေဆုံးခဲ့ပါတယ်။
ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး အဒ်မီလီဘန်းက အခင်းဖြစ်ပွားရာနေရာကို ဇီလန်းစကီးနဲ့အတူ သွား ရောက်ကြည့်ရှုခဲ့ပြီး ရုရှားစစ်တပ်နဲ့ စွမ်းအင်ကဏ္ဍတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်မံ ပြုလုပ်မယ် လို့ ပြောပါတယ်။
ကရာမာတော့စ်ခ် တိုက်ခိုက်မှုအပြီး ဒေသန္တရ အာဏာပိုင်တွေက အရှေ့ပိုင်း ရှေ့တန်းစစ်မျက်နှာ ပြင်မှာ ကျန်ရှိနေသေးတဲ့ ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ တိုက်တွန်းထားပြီး အများပြည် သူတွေအတွက် ဘတ်စ်ကားပြေးဆွဲမှုတွေကို အပြီးတိုင် ရပ်ဆိုင်းလိုက်ပါတယ်။
မြို့တော် ကိယက်ဗ် အပါအဝင် မြို့ကြီးအတော်များများကို ရုရှားက လေကြောင်းမှ အဆက်မပြတ် တိုက်ခိုက်နေတာကြောင့် ဓာတ်အားပေးစက်ရုံတွေ ထိခိုက်ပြီး ရေနဲ့ လျှပ်စစ်မီးများ ပြတ်တောက်မှုတွေ ကြုံတွေ့နေရပါတယ်။
ခေတ်မီ ဒုံးကျည်ကာကွယ်ရေးစနစ်တွေ နည်းပါးတာကြောင့် ရုရှားရဲ့ တိုက်ခိုက်မှုတွေကို တားဆီး ဖို့ ခက်ခဲနေပြီး ဇီလန်းစကီးက မဟာမိတ်နိုင်ငံတွေအနေနဲ့ စစ်ဘက်ဆိုင်ရာ အကူအညီအသစ်တွေ အမြန် ဆုံး ထောက်ပံ့ပေးဖို့ တောင်းဆိုထားပါတယ်။
News: BBC
Ref; Russian strike on buses kills at least 30, say officials, as deadly attacks on Ukraine surge