ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၉ ရက်

 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်များကို သီးခြားခွဲထုတ်ထားသည့် အမေရိကန်၏ မူဝါဒကို ပြောင်းလဲလိုက်ပြီးနောက် မြန်မာစစ်အုပ်စုနှင့် တိုက်ရိုက်ဆွေးနွေးမှုများ စတင်နေပြီဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူများနှင့် နီးစပ်သူများက ပြောကြားလိုက်သည်။

 

၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်တွေကို သီးခြားခွဲထုတ်ထားတဲ့ မူဝါဒကို အမေရိကန်က ပြောင်းလဲလိုက်ပြီး မြန်မာစစ်အုပ်စုနဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ စတင်နေပြီလို့ အမေရိကန် တာဝန်ရှိသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

 

ဒီတွေ့ဆုံဆွေးနွေးမှုတွေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ထောက်လှမ်းရေးနှင့် သုတေ သနဆိုင်ရာ လက်ထောက်ဝန်ကြီး မိုက်ကယ်ဗန့်စ်က ဦးဆောင်ခဲ့ပြီး အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ် ထားနေတဲ့ ကျားဖြန့်စခန်းတွေကို ပိတ်သိမ်းဖို့ အဓိက ဆွေးနွေးခဲ့တာပါ။

ဒီဆွေးနွေးမှုတွေကနေတစ်ဆင့် မြန်မာနိုင်ငံမှာရှိတဲ့ မြေရှား သတ္တုသိုက်တွေ ရရှိရေး အပါအဝင် ပို မိုကျယ်ပြန့်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အကောင်အထည် ပေါ်လာနိုင်တယ်လို့ အမေရိကန် အရာရှိ ဟောင်းနဲ့ လက်ရှိအရာရှိ ၇ ဦးက ဆိုပါတယ်။

 

မိုက်ကယ်ဗန့်စ်ဟာ စက်တင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ နေပြည်တော်ကို သွားရောက်ခဲ့ပြီး ရွေးတုသမ္မတ မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

 

ဒီတွေ့ဆုံမှုဟာ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန် စီးပွားရေးသမား အာဒမ်ကက်စတီ လို လွတ်မြောက်ရေးအတွက် အဓိက ရည်ရွယ်တာဖြစ်ပေမဲ့ နောက်ထပ် ထိတွေ့ဆက်ဆံမှုတွေ လုပ် ဆောင်ဖို့ လမ်းစပွင့်သွားစေခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အဆင့်မြင့်ဆုံး ထိတွေ့မှုဖြစ်တဲ့ စက်တင်ဘာလ တွေ့ဆုံပွဲဟာ ဒေါ် နယ်ထရမ့်အစိုးရအဖွဲ့ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ ဒီမိုကရေစီ မြှင့်တင်ရေးထက် အပြန်အလှန် အကျိုးအ မြတ်အပေါ် အခြေခံတဲ့ ဆက်ဆံရေးဘက်ကို ကူးပြောင်းသွားတာကို ပြသနေပါတယ်။

 

တွေ့ဆုံမှု အဆင်ပြေစေဖို့ အမေရိကန်အစိုးရက လျှို့ဝှက်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ရပြီး မင်း အောင်လှိုင်က အမေရိကန်အစိုးရနဲ့ သင့်တော်တဲ့ အဆင့်တစ်ခုမှာ တရားဝင် ထိတွေ့ဆက်ဆံခွင့် ရရှိဖို့ တစ်ခုတည်းကိုပဲ အလဲအလှယ်အဖြစ် တောင်းဆိုခဲ့ပါတယ်။

 

အမေရိကန်နိုင်ငံသားများထံမှ ဒေါ်လာဘီလီယံပေါင်းများစွာ လိမ်လည်လှည့်ဖြားနေတဲ့ မြန်မာနိုင်ငံရှိ ငွေလိမ်စခန်း(ကျားဖြန့်)တွေကို ပိတ်သိမ်းပေးဖို့ အမေရိကန် အဓိက တောင်းဆိုခဲ့ပါတယ်။

 

လျှပ်စစ်ကားတွေနဲ့ လေအားလျှပ်စစ် တာဘိုင်တွေမှာ အဓိကသုံးရတဲ့ မြန်မာနိုင်ငံက ဒုတိယမြေ ရှား သတ္တုသိုက်တွေကို ရရှိနိုင်ရေးအတွက်လည်း အမေရိကန် တာဝန်ရှိသူတွေက ဆွေးနွေးခဲ့ပါတယ်။

 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ တွမ်မီပစ်ဂေါ့တ်က အမေရိကန်ရဲ့ အ ကျိုးစီးပွားကို ထိခိုက်စေတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက အဖွဲ့အစည်း အားလုံးနဲ့ ထိတွေ့ဆက် ဆံနေပြီး အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ အမြဲ တောင်းဆိုတယ်လို့ ပြောပါတယ်။

 

အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီက ဒီမိုကရက်တစ် ထိပ်တန်းအရာရှိ ဂရက်ဂိုရီ မီးခ်စ်က မြန်မာစစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံမှုဟာ အမေရိကန်ရဲ့ တန်ဖိုးထားမှုတွေရော အကျိုးစီးပွားနဲ့ပါ ဆန့်ကျင်နေပြီး ရက်စက်တဲ့ စစ်အုပ်စုကို အဓိပ္ပာယ်မရှိ တရားဝင်မှု ပေးအပ်လိုက်တာပဲ ဖြစ်တယ်လို့ ဝေ ဖန်လိုက်ပါတယ်။

 

အမေရိကန်အစိုးရရဲ့ လမ်းကြောင်းပြောင်းလဲမှု နောက်ကွယ်မှာ မြန်မာစစ်အုပ်စုဟာ ဝါရှင်တန် မှာ စည်းရုံးရေးဆွဲဖို့အတွက် ဒေါ်နယ်ထရမ့်ရဲ့ အကြံပေးဟောင်း ရော်ဂျာစတုန်း အပါအဝင် အေဂျင်စီတွေ ကို ငှားရမ်းခဲ့တာ ဖြစ်ပါတယ်။

 

News: Reuters
Ref; US opens direct talks with Myanmar’s generals, reversing years of isolation