ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၇ ရက်
ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားဒေသရှိ ဓာတ်ခွဲခန်း ဝန်ထမ်းတစ်ဦး ပလိပ်ရောဂါ ကူးစက်ခံရပြီး သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ မကြာမီ သီးသန့် စကား ပြောဆိုမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အောက်တိုဘာ ၆ ရက်မှာ ပြောဆိုလိုက်ပါတယ်။
ဆိုက်ဘေးရီးယားဒေသ၊ အာကုဆခ်မြို့က ပလိပ်ရောဂါ ကာကွယ်ရေး သုတေသနဌာနမှာ အ သက် ၂၈ နှစ်အရွယ် ဓာတ်ခွဲခန်းပညာရှင် အမျိုးသမီးတစ်ဦး ဖန်ပြွန်ကွဲရာကနေ ပလိပ်ရောဂါ ကူးစက်ခံရ ပြီး သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
အဆိုပါဖြစ်စဉ်ကြောင့် သေဆုံးသူနဲ့ ထိတွေ့ခဲ့သူ လူ ၂၀၀ ခန့်ကို သီးသန့်ခွဲခြား စောင့်ကြည့်ထား တယ်လို့ သတင်းအချို့မှာ ဖော်ပြပါတယ်။
ရုရှား အာဏာပိုင်တွေနဲ့ ကျန်းမာရေး စောင့်ကြည့်ရေးအဖွဲ့က ဒီသတင်းတွေကို ငြင်းဆိုထားပြီး အ ဆိုပါ အမျိုးသမီးဟာ အဆုတ်ရောင်ရောဂါနဲ့ သေဆုံးတာဖြစ်ပြီး ပလိပ်ရောဂါပိုး မတွေ့ရဘူးလို့ ဆိုပါ တယ်။
ဖြစ်စဉ်နဲ့ ပတ်သက်လို့ သတင်းအချက်အလက် ပွင့်လင်းမြင်သာမှုရှိရှိ မျှဝေပေးဖို့ အမေရိကန် နိုင် ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့က ရုရှားအစိုးရကို တိုက်တွန်းထားပါ တယ်။
ဒေါ်နယ်ထရမ့်က အကူအညီပေးဖို့ အဆင်သင့်ရှိတယ်လို့ ပြောဆိုခဲ့ပေမဲ့ ရုရှားက အမေရိကန်မှာ ဖြစ်ပွားနေတဲ့ ဝက်သက်ရောဂါနဲ့ ပလိပ်ရောဂါ ကိစ္စတွေကိုသာ ပြန်လည်ကူညီပေးဖို့ အသင့်ရှိတယ်လို့ တုံ့ ပြန်ထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဆိုက်ဘေးရီးယားဒေသမှာ ရောဂါကူးစက်နိုင်ခြေဟာ နိမ့်ပါး တဲ့ အဆင့်မှာပဲ ရှိသေးတယ်လို့ သုံးသပ်ထားပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်နေပါတယ်။
News: France 24/AFP
Ref; Trump says he will speak to Putin over reported plague death in Russia