ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၈ ရက်

အီရန်နဲ့ စစ်ဖြစ်နေသလို ယူကရိန်း ငြိမ်းချမ်းရေးကိုလည်း မဖော်ဆောင်နိုင်သေးတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သူဟာ နိုဘယ်လ် ငြိမ်းချမ်းရေးဆုနဲ့ ထိုက်တန်ပေမဲ့ တကယ်ရမလားဆိုတာကို တော့ သံသယရှိတယ်လို့ အောက်တိုဘာ ၇ ရက်မှာ ပြောကြားလိုက်ပါတယ်။

နော်ဝေ နိုဘယ်လ်ကော်မတီက ၂၀၂၆ ခုနှစ်အတွက် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရရှိသူကို သော ကြာနေ့မှာ ကြေညာမှာဖြစ်ပါတယ်။

“သူတို့ ဘာဆုံးဖြတ်မလဲဆိုတာ ကျွန်တော် မသိပါဘူး၊ သူတို့မှာ ကျွန်တော့်လို လူမျိုးတွေကို ဆုမ ပေးချင်တဲ့ နာမည်ဆိုးတစ်ခု ရှိနေတယ်” လို့ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဒေါ်နယ်ထရမ့်က ကမ္ဘာပေါ်မှာ ဂုဏ်အရှိဆုံးလို့ သတ်မှတ်ထားကြတဲ့ ဒီဆုကို သူရသင့်တယ်လို့ မ ကြာခဏ ပြောခဲ့ပါတယ်။

“ဆုပေးရမယ့် အချိန်တောင် ရောက်နေပါပြီ၊ ဒါပေမဲ့ ပြီးခဲ့တဲ့အကြိမ်တုန်းက ဆုရတဲ့သူက ထရမ့် ထက်ပိုပြီး ဒီဆုနဲ့ ထိုက်တန်တဲ့သူ သမိုင်းမှာ မရှိပါဘူးလို့ပြောပြီး ကျွန်တော့်ကို သွယ်ဝိုက်တဲ့နည်းနဲ့ ဆုပေး ခဲ့တာမို့လို့ ဂုဏ်ယူပါတယ်” လို့ ၎င်းက ဆိုပါတယ်။

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာမာချာဒိုက သူ့ရဲ့ ၂၀၂၅ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေး ဆုတံဆိပ်ကို ဇန်နဝါရီလမှာ ဒေါ်နယ်ထရမ့်ထံ ပေးခဲ့ပြီး ဗင်နီဇွဲလားအရေးအတွက် အမေရိ ကန်ရဲ့ ကူညီထောက်ပံ့မှုကို တောင်းဆိုခဲ့ပါတယ်။

သမ္မတအဖြစ် ပြန်ရွေးကောက်ခံရပြီးနောက် ပဋိပက္ခ ၈ ခုမှာ ဝင်ရောက် ကူညီဖြေရှင်းပေးခဲ့တာ ကြောင့် ဒီဆုကို သူရသင့်တာလို့ ဒေါ်နယ်ထရမ့်က ပြောတာပါ။

ကမ္ဘောဒီးယား၊ အစ္စရေးနဲ့ ပါကစ္စတန်ခေါင်းဆောင်တွေက ဒေါ်နယ်ထရမ့်ကို နိုဘယ်လ်ဆုအ တွက် အမည်စာရင်း တင်သွင်းထားတယ်လို့ ပြောပေမဲ့ ဒါဟာ အတည်ပြုလို့တော့ မရပါဘူး။

ဒေါ်နယ်ထရမ့် ငြိမ်းချမ်းရေး ဖော်ဆောင်ပေးခဲ့တဲ့ အချို့ပဋိပက္ခဒေသတွေမှာ တိုက်ပွဲတွေ ငြိမ် သက်မသွားသေးဘဲ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနဲ့ ကမ္ဘောဒီးယား-ထိုင်း နယ်စပ်အပါအဝင် ဒေသအ ချို့မှာ တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။

ဒုတိယအကြိမ် သမ္မတသက်တမ်း ပထမဆုံးနေ့မှာတင် အပြီးသတ်မယ်လို့ ကတိပေးခဲ့တဲ့ ရုရှား-ယူကရိန်းစစ်ပွဲကိုလည်း ဒေါ်နယ်ထရမ့် မဖြေရှင်းနိုင်သေးပါဘူး။

အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ခဲ့တဲ့ ၇ လကြာ ပဋိပက္ခကြောင့် ကမ္ဘာ့စွမ်း အင် ပို့ဆောင်ရေး ထိခိုက်ပြီး နိုဝင်ဘာ လွှတ်တော်ရွေးကောက်ပွဲ မတိုင်မီ စက်သုံးဆီဈေးတွေ မြင့်တက် နေပါတယ်။

ဒီနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရဖို့ ရေပန်းစားနေသူတွေထဲမှာ ပုပ်ရဟန်းမင်းကြီး လီယို၊ အပြည် ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) နဲ့ ပါလက်စတိုင်းဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်း သူတို့ ပါဝင်နေပါတယ်။

News: Reuters
Ref; Trump says he deserves Nobel Peace Prize but has doubts he will get it