ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၈
ဂျပန်ဝန်ကြီးချုပ် ဆာနေးတာကာအိချိရဲ့ အမည်ကို တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေး ဆိုခွင့်ရှိသူက ရာထူး အခေါ်အဝေါ် မပါဘဲ နာမည်သီးသန့် ခေါ်ဆိုခဲ့တာနဲ့ ပတ်သက်ပြီး သင့်တော်တဲ့ လေး စားမှုမျိုး ပြသဖို့ ဂျပန်က တရုတ်ကို သတိပေးလိုက်ပါတယ်။
တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ဂူကျားကန်က စက်တင်ဘာလ သတင်းစာ ရှင်းလင်းပွဲမှာ ဂျပန်ဝန်ကြီးချုပ်ကို ဆာနေးတာကာအိချိလို့ပဲ နာမည်သီးသန့် ခေါ်ဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ တိုရှီဟီရို ကီတာမူရာ က အောက်တိုဘာ ၇ ရက်မှာ တိုကျိုရဲ့ စိုးရိမ်ပူပန်မှုကို ပေကျင်းထံ အကြောင်းကြားခဲ့တယ်လို့ ပြောပါ တယ်။
“သဘောထား ကွဲလွဲမှုတွေ ရှိနေရင်တောင်မှ အပြည်ပြည်ဆိုင်ရာ သံတမန်ရေးရာ ကျင့်ဝတ်အရ အခြားနိုင်ငံရဲ့ ခေါင်းဆောင်ကို သင့်တော်တဲ့ လေးစားမှု ပြသဖို့ဆိုတာ သဘာဝကျပါတယ်” လို့ ၎င်းက သ တင်းထောက်တွေကို ပြောပါတယ်။
ဂျပန်နဲ့ တရုတ်ကြား တင်းမာနေတဲ့ သံတမန်ရေး ဆက်ဆံရေးဟာ ၂၀၂၅ ခုနှစ်မှာ တာကာအိချိက ထိုင်ဝမ် တိုက်ခိုက်ခံရရင် ဂျပန်အနေနဲ့ ဝင်ရောက် စွက်ဖက်နိုင်တယ်လို့ ပြောဆိုခဲ့ပြီးနောက်ပိုင်း ပိုမို ဆိုး ရွားလာခဲ့ပါတယ်။

ဂူကျားကန်က စက်တင်ဘာ ၃၀ ရက် သတင်းစာရှင်းလင်းပွဲမှာ ဂျပန်ရဲ့ နျူကလီးယား လက်နက်နဲ့ နျူကလီးယား ရေငုပ်သင်္ဘော ပိုင်ဆိုင်ရေး ဆွေးနွေးမှုတွေကို ပြောဆိုစဉ် အခုလို ရာထူးမပါဘဲ ခေါ်ဆိုခဲ့ တာပါ။
သံတမန်ရေးရာ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဂျပန် လွှတ်တော်အမတ်အချို့ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပါတယ်။
တာကာအိချိဟာ မကြာသေးမီက မိန့်ခွန်းမှာ တရုတ်နိုင်ငံဟာ အရေးပါတဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ် တာကြောင့် နှစ်နိုင်ငံကြား တည်ငြိမ်တဲ့ ဆက်ဆံရေး တည်ဆောက်သွားမယ်လို့ ကတိပြုထားပါတယ်။
News: AFP
Ref; Japan tells China to show ‘respect’ in addressing PM