ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၈ ရက်
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့ ရွေးတုသမ္မတ မင်းအောင်လှိုင်တို့ရဲ့ ဒီနေ့ တွေ့ဆုံမှု ဟာ စစ်ကောင်စီကို အသိအမှတ်ပြုတာ မဟုတ်ဘဲ မလေးရှားနိုင်ငံမှာ ကြာမြင့်စွာ ဖြစ်ပေါ်နေတဲ့ မြန်မာ ဒုက္ခသည် ပြဿနာကို ဖြေရှင်းဖို့အတွက်သာ ဖြစ်တယ်လို့ မလေးရှား ပြန်ကြားရေးဝန်ကြီး ဖာမီဖာဇေးလ် က ပြောဆိုလိုက်ပါတယ်။
အခုတွေ့ဆုံမှုဟာ မလေးရှားနိုင်ငံရဲ့ ပြည်တွင်းရေး ပြဿနာဖြစ်တဲ့ မြန်မာဒုက္ခသည်ကိစ္စကို သံတ မန်ရေးရာ နည်းလမ်းတွေကို အသုံးပြုပြီး ဖြေရှင်းဖို့ ဆွေးနွေးတာဖြစ်တာကြောင့် စစ်ကောင်စီကို အသိအ မှတ်ပြုတာ မဟုတ်ဘူးလို့ ၎င်းက ပြောပါတယ်။
“ဒီတွေ့ဆုံမှုဟာ မြန်မာအစိုးရကို ကျွန်တော်တို့ အသိအမှတ်ပြုတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ငံမှာ ကြာမြင့်စွာ ဖြစ်ပေါ်နေတဲ့ မြန်မာဒုက္ခသည် ပြဿနာအတွက် အဖြေရှာဖို့ ရည်ရွယ်တာပါ” လို့ သူ က ဆိုပါတယ်။
မလေးရှားနိုင်ငံရောက် တိုင်းရင်းသား ၁၉ မျိုး အပါအဝင် မြန်မာဒုက္ခသည်တွေ တရားဝင်လမ်း ကြောင်းမှ နယ်စပ်ပြန်နိုင်ရေးနဲ့ ပြည်တွင်းမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် အခု တွေ့ဆုံမှုကနေ ရလဒ်ကောင်းတွေ ထွက်ပေါ်လာဖို့ မလေးရှားက မျှော်လင့်နေပါတယ်။
မလေးရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သူ ဖာမီက ၂၀၂၇ ဘတ်ဂျက် ရေးဆွဲအတည်ပြုပြီး ချိန်မှာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့နဲ့ ပါလက်စတိုင်းအရေး ဆွေးနွေးဖို့ အီဂျစ်သမ္မတ အက်ဘ်ဒယ် ဖာတာအယ်လ်စီစီနဲ့ အောက်တိုဘာ ၉ ရက်မှာ သီးသန့်တွေ့ဆုံဖို့ ရှိနေတယ်လို့ ပြောပါတယ်။
အီဂျစ်သမ္မတ အက်ဘ်ဒယ် ဖာတာအယ်လ်စီစီဟာ အောက်တိုဘာ ၉ ရက်ကနေ ၁၀ ရက်နေ့အထိ မလေးရှားနိုင်ငံဆီ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိလာမှာ ဖြစ်ပါတယ်။
News: Malay Mail/Bernama
Ref; Anwar-Min Aung Hlaing talks focus on refugees, not recognition of Myanmar govt, says Fahmi