ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၇ ရက်

 

အမေရိကန်အစိုးရက ထိုင်ဝမ်သို့ လက်နက်တွေ ရောင်းချပေးနေတာနဲ့ စစ်ရေး ကူညီပေးနေမှုတွေ ဟာ ဒေသတွင်း တင်းမာမှုကို မြှင့်တင်နေတာလို့ မြောက်ကိုရီးယားအစိုးရက အောက်တိုဘာ ၇ ရက်မှာ ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

 

ထိုင်ဝမ် လုံခြုံရေးအတွက် တရုတ်နိုင်ငံရဲ့ အင်အားနဲ့ ထိပ်တိုက်တွေ့ဖို့ အမေရိကန်မှာ အသင့်ပြင် ထားခြင်း ရှိမရှိနဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ခံနိုင်ရည် ရှိမရှိ နှစ်ခါပြန် စဉ်းစားသင့်တယ်လို့ မြောက်ကိုရီးယား နိုင်ငံတကာရေးရာ လေ့လာသူ ကင်မြောင်ချိုက ပြောပါတယ်။

 

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အမေရိကန်မှ မှာယူထားတဲ့ F-16V တိုက်လေယာဉ်တွေ ထိုင်ဝမ်သို့ ရောက်ရှိလာတာကြောင့် မြောက်ကိုရီးယားက အခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ရုရှားသမ္မတ ဗလာဒီမာပူတင် ရဲ့ မွေးနေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ရုရှားရဲ့ စစ်ပွဲတွေအတွက် ဆက်လက် ထောက်ခံသွားမယ်လို့ ကတိပြုပါတယ်။

 

ရုရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးအတွက် ဆင်နွှဲနေတဲ့ တရားသော စစ်ပွဲဟာ အောင် မြင်မှုနဲ့ပဲ အဆုံးသတ်လိမ့်မယ်လို့ ယုံကြည်ကြောင်း ကင်ဂျုံအန်က ပြောပါတယ်။

 

ယူကရိန်းနဲ့ တောင်ကိုရီးယား စုံစမ်းစစ်ဆေးမှုတွေအရ မြောက်ကိုရီးယားဟာ ၂၀၂၄ ခုနှစ်ကစပြီး ရုရှားဘက်မှ ကူတိုက်ခိုက်ပေးဖို့ တပ်ဖွဲ့ဝင် ၁၄,၀၀၀ ကျော် စေလွှတ်ထားတယ်လို့ သိရပါတယ်။

 

နှစ်နိုင်ငံစလုံးဟာ ၂၀၂၄ ခုနှစ် ဇွန်လအတွင်း စစ်ရေးအရ အပြန်အလှန် ကာကွယ်ရေး သဘောတူ ညီချက် လက်မှတ်ရေးထိုးခဲ့ပြီးတဲ့နောက်ပိုင်း မဟာမိတ် ဆက်ဆံရေးကို ပိုမို တိုးမြှင့်ထားပါတယ်။

 

News: Reuters
Ref; North Korea warns US over Taiwan while Kim pledges support for Russia