ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၇ ရက်
အမေရိကန်နိုင်ငံ၊ တက္ကဆပ်ပြည်နယ်၊ ဖို့တ်ဟူဒ်စစ်စခန်းမှာ လူ ၁၃ ဦးကို သတ်ဖတ်ခဲ့တဲ့ စစ်တပ် စိတ်ကျန်းမာရေး ဆရာဝန်ဟောင်း နီဒေါဟာဆန်းကို သေနတ်နဲ့ ပစ်သတ်ကွပ်မျက်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ပေးလိုက်ပါတယ်။
ကာကွယ်ရေးဝန်ကြီး ပိတ်ဟက်ဂ်ဆက်သ်ရဲ့ အကြံပြုချက်အတိုင်း သေနတ်နဲ့ ပစ်သတ်ကွပ်မျက် ဖို့ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်၊ ပြောရေးဆိုခွင့်ရှိသူ ရှောင်ပါနဲလ်က ပြောပါတယ်။
စစ်ဘက်ဆိုင်ရာ ပြစ်ဒဏ်ပေးမှုစနစ်အရ ဟာဆန်းကို စစ်တပ် သေနတ်ပစ်အဖွဲ့က သေဒဏ်စီရင် သွားမှာ ဖြစ်ပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်း ဟာဆန်းဟာ “အာလာဟု အက္ကဘာ” လို့ ကြွေးကြော်ပြီး လက်နက်မဲ့ တပ်ဖွဲ့ဝင် ၁၂ ဦးနဲ့ အငြိမ်းစား စစ်မှုထမ်းတစ်ဦးကို ပစ်သတ်ခဲ့သလို အခြား ၃၂ ဦးကိုလည်း ဒဏ်ရာရရှိစေ ခဲ့ပါတယ်။
သေဒဏ်စီရင်မှုကို ဒီဇင်ဘာ ၃ ရက်မှာ ဖို့တ်ဟူဒ်စစ်စခန်းအတွင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အမေရိကန်အစိုးရဟာ သေဒဏ်ပေးရာမှာ ဆေးထိုးကွပ်မျက်ဖို့ ဆေးဝါးရရှိနိုင်မှု ခက်ခဲလာတာ ကြောင့် လျှပ်စစ်ကုလားထိုင်၊ ဓာတ်ငွေ့သုံး ကွပ်မျက်ခြင်းနဲ့ သေနတ်ဖြင့် ပစ်သတ်ခြင်း နည်းလမ်းတွေကို ပါ မကြာသေးမီက ပြန်လည်ထည့်သွင်းခဲ့တာပါ။
အသက် ၅၆ နှစ်အရွယ် ဟာဆန်းဟာ ၂၀၀၉ ခုနှစ်မှာ ဖို့တ်ဟူဒ်စစ်စခန်းအတွင်း လေဆာပါတဲ့ ပစ္စတိုသေနတ်နဲ့ ဆက်တိုက် ပစ်ခတ်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ စစ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့ပါတယ်။
သူဟာ အာဖဂန်နစ္စတန် စစ်မြေပြင်ကို မစေလွှတ်မီ သီတင်းပတ် အနည်းငယ်အလိုမှာ အခုလို ပစ် ခတ်ခဲ့ပြီး ဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ခန္ဓာကိုယ်အောက်ပိုင်း လေဖြတ်ကာ ဝှီးချဲလ် သုံးနေရ သူ ဖြစ်ပါတယ်။
အမေရိကန်စစ်တပ်အတွင်း သေဒဏ်စီရင်မှုဟာ ဖြစ်လေ့ဖြစ်ထ မရှိဘဲ စစ်ခုံရုံးက ချမှတ်တဲ့ သေ ဒဏ်ကို သမ္မတ အတည်ပြုမှသာ ကွပ်မျက်ခွင့်ရှိတာပါ။
အခု ကွပ်မျက်မှုသာ အမှန်တကယ် ဖြစ်မြောက်ခဲ့ရင် ၁၉၆၁ ခုနှစ်နောက်ပိုင်း ပထမဆုံး စစ်ဘက် ဆိုင်ရာ သေဒဏ် စီရင်မှု ဖြစ်လာမှာပါ။
News: Reuters
Ref; Trump orders firing squad for gunman who killed 13 people at Fort Hood, Texas