ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၆ ရက်
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သို့ ဒေါ်လာ ၁ ဘီလီယံ တန်ကြေးရှိ မောင်းသူမဲ့ ဒရုန်း ပစ်ချနိုင်တဲ့ အဆင့်မြင့် ပဲ့ထိန်း ဒုံးကျည်စနစ်တွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရက အောက်တိုဘာ ၅ ရက်မှာ အတည်ပြုလိုက်ပါတယ်။
ဒီရောင်းချမှုထဲမှာ ရာသီဥတုမရွေး တိကျစွာ ပစ်ခတ်နိုင်တဲ့ Rocket ပဲ့ထိန်းစနစ် ၁၀,၀၀၀ အထိ ပါဝင်မှာဖြစ်ပြီး ယူအေအီးရဲ့ လက်ရှိနဲ့ အနာဂတ် ခြိမ်းခြောက်မှုတွေကို ကာကွယ်နိုင်စွမ်း မြှင့်တင်ပေးနိုင် မှာ ဖြစ်ပါတယ်။
မဟာမိတ်နိုင်ငံရဲ့ လုံခြုံရေးကို အဆင့်မြှင့်တင်ပေးခြင်းအားဖြင့် အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒ နဲ့ အမျိုးသားလုံခြုံရေး ပန်းတိုင်တွေကိုပါ အထောက်အကူပြုမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပဲ့ထိန်းစနစ်ဟာ ရိုးရိုးဒုံးကျည်တွေကို တိကျတဲ့ လက်နက်တွေအဖြစ် ပြောင်းလဲပေးတာဖြစ်လို့ ကုန်ကျစရိတ် သက်သာစွာနဲ့ ဒရုန်းတွေကို ပစ်ခတ်ဖျက်ဆီးရာမှာ အလွန် ထိရောက်မှုရှိတာ ဖြစ်ပါတယ်။
အီရန်နဲ့ စစ်ပွဲအတွင်း အီရန်က ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်တာကို ခံနေရတဲ့ ယူအေအီးနဲ့ ပင်လယ်ကွေ့ မဟာမိတ်နိုင်ငံတွေအတွက် ဒါဟာ အရေးပါတဲ့ ကာကွယ်ရေးစနစ်ဖြစ်လာမှာ ပါ။
ပင်လယ်ကွေ့ မဟာမိတ်နိုင်ငံဖြစ်တဲ့ ကူဝိတ်သို့ ဒေါ်လာ သန်း ၄၀၀ တန်ကြေးရှိ Patriot ဒုံးကျည် တွေ ရောင်းချပေးဖို့လည်း အမေရိကန်က အတည်ပြုခဲ့ပါတယ်။
ကူဝိတ်အစိုးရအနေနဲ့ ဒီစနစ်ကို အသုံးပြုပြီး နိုင်ငံကာကွယ်ရေး စွမ်းအားကို တိုးမြှင့်သွားမှာဖြစ်သ လို အီရန်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကိုလည်း ပိုမို ကာကွယ်နိုင်တော့မှာ ဖြစ်ပါတယ်။
News: AFP
Ref; US approves US$1 billion arms sale to UAE