ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၆ ရက်

 

နိုက်ဂျီးရီးယားနိုင်ငံတောင်ပိုင်းမှာ ခရီးသည် ၂၅ ဦးနဲ့ အမှုထမ်း ၇ ဦး တင်ဆောင်လာတဲ့ စစ်ဘက် သုံး လေယာဉ်တစ်စီး ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါသူ လူ ၃၂ ဦးစလုံး သေဆုံးသွားခဲ့ပါတယ်။

 

ဖြစ်စဉ်နဲ့ ပတ်သက်လို့ နိုက်ဂျီးရီးယားသမ္မတ ဘိုလာတီနူးဘူက ဝမ်းနည်းကြောင်း ထုတ်ဖော်ပြော ကြားထားပြီး သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းရတယ်လို့ ဆိုပါတယ်။

 

အဆိုပါလေယာဉ်ဟာ အီဒိုပြည်နယ်မှ စီးပွားရေး မြို့တော်ဖြစ်တဲ့ လားဂို့စ်မြို့ဆီ ပုံမှန် ခရီးစဉ်အ တိုင်း ပျံသန်းစဉ် အွန်ဒိုပြည်နယ် အစ်ဂ်ဘိုကိုဒါဒေသမှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်ဟာ ဒေသစံတော်ချိန် မနက် ၉ နာရီဝန်းကျင်မှာ ရေဒါပေါ်ကနေ ပျောက်ကွယ်သွားခဲ့ပြီး ခရီးစဉ် ထက်ဝက်ကျော်အရောက် ရေတပ်စခန်းတစ်ခုအနီး ပျက်ကျသွားတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

 

လေယာဉ်ဟာ ATR-42 အမျိုးအစား လေယာဉ်ဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ချက် ချင်း စတင်ဆောင်ရွက်ခဲ့တယ်လို့ နိုက်ဂျီးရီးယားလေတပ်က သတင်းထုတ်ပြန်ပါတယ်။

 

လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေမှာ ဒေသခံအများအပြားဟာ မြစ်အနီးမှာ စုဝေးနေကြ ပြီး ကယ်ဆယ်ရေးအဖွဲ့တွေက လှေတွေနဲ့ လိုက်လံ ရှာဖွေနေကြတာကို တွေ့ရပါတယ်။

 

သစ်ပင်တွေကို တိုက်မိ ပျက်ကျသွားတာဖြစ်ပြီး အခင်းဖြစ်နေရာ အနီးတစ်ဝိုက်မှာ သေဆုံးသူတွေ ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ အဝတ်အစား၊ ဖိနပ်တွေကို တွေ့ရှိခဲ့ရတယ်လို့ ဒေသခံအချို့က ပြော ပါတယ်။

 

အာဏာပိုင်တွေက လေယာဉ်ပျက်ကျရတဲ့ အကြောင်းအရင်းကို တိတိကျကျ သိရှိနိုင်ဖို့ စုံစမ်းစစ် ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

 

News: DW/AFP/ Reuters
Ref; Nigeria military plane crashes with 32 on board