ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၅ ရက်
ကျောင်းသားဆန္ဒပြသူတွေနဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့တို့ကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့လို့ တနင်္လာနေ့မှာ ပြင်သစ်နိုင်ငံတစ်ဝှမ်း အထက်တန်းကျောင်း ၄၀၀ မှ ၅၀၀ အထိ ပိတ်ထားရတယ်လို့ ပြင် သစ် ပညာရေးဝန်ကြီး အက်ဒူးအာဂျက်ဖရေးက ပြောကြားလိုက်ပါတယ်။
လုံခြုံရေး အခြေအနေတွေ မပြည့်စုံသေးတာကြောင့် သင်ခန်းစာတွေကို ရပ်နားထားရမှာဖြစ်ပြီး ဆန္ဒပြပွဲတွေ စတင်ခဲ့ပြီးနောက် ကျောင်း ၂၄ ကျောင်း မီးရှို့ခံရတာနဲ့ ဖျက်ဆီးခံရတာတွေ ရှိခဲ့ပါတယ်။
ပညာရေးစံနှုန်းတွေ လျှော့ကျလာမှုအပေါ် ကျောင်းသား ထောင်ပေါင်းများစွာက ဆန္ဒပြနေကြပြီး ဆန္ဒပြပွဲတွေဟာ မြို့တော်ပါရီမှ မွန်ပယ်လီယာ၊ နန့်စ် နဲ့ မာဆေးလ် စတဲ့ အခြားမြို့ကြီးတွေကို ပျံ့နှံ့သွားခဲ့ ပါတယ်။

ကျောင်းသားတွေက ဆရာ၊ ဆရာမ မလုံလောက်မှု၊ စာသင်ခန်းတွေအတွင်း လူဦးရေ ပြည့်ကြပ် လွန်းမှုနဲ့ ယိုယွင်းပျက်စီးနေတဲ့ ကျောင်းအဆောက်အအုံတွေအပေါ် မကျေမနပ် ဖြစ်နေကြပါတယ်။
ဆန္ဒပြပွဲတွေကြောင့် ပြင်သစ်နိုင်ငံရှိ ကျောင်းပေါင်း ၃,၇၀၀ အနက် ၇၃၅ ကျောင်းဟာ ထိခိုက်မှု တွေ ကြုံတွေ့ခဲ့ရတယ်လို့ တရားရေးဝန်ကြီး ဂျရဲလ်ဒါမာနင်းက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
တနင်္လာနေ့မှာ ထိခိုက်နိုင်ခြေရှိတဲ့ ကျောင်းအရေအတွက်ဟာ သောကြာနေ့က ပမာဏအတိုင်းရှိ ပေမဲ့ သင်ခန်းစာတွေကို ပြန်စတင်နိုင်အောင် ကြိုးပမ်းမယ်လို့ အက်ဒူးအာဂျက်ဖရေးက ဆိုပါတယ်။
ဆန္ဒပြပွဲတွေမှာ လက်ဝဲစွန်း တက်ကြွလှုပ်ရှားသူတွေ ပါဝင်ပတ်သက်နေပြီး ပြင်းထန်တဲ့ အကြမ်း ဖက်မှုတွေကို ဖန်တီးနေကြတယ်လို့ ၎င်းက စွပ်စွဲပါတယ်။
ဒီလိုဖြစ်စဉ်တွေကြောင့် ပညာရေးဝန်ထမ်း ၇၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒါဟာ ယခင်က မကြုံဖူးတဲ့ အ ခြေအနေဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
အဓိကရုဏ်းတွေနဲ့ ပတ်သက်လို့ လူပေါင်း ၁,၇၄၇ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ပြင်သစ် ပြည်ထဲရေး ဝန်ကြီး လောရင့်နူးနက်ဇ်က ပြောပါတယ်။
ပြင်သစ်အစိုးရက ခိုင်မာတဲ့ အရေးယူ ဆောင်ရွက်မှုတွေ မရှိသေးတာကြောင့် အင်္ဂါနေ့မှာ ဆန္ဒပြပွဲ တွေကို ဆက်လက်ပြုလုပ်သွားမယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတွေက ပြောပါတယ်။
ဝန်ကြီးချုပ် ဆီဘက်စတီယန်လီကော်နူးက ကျောင်းသားတွေနဲ့ ပညာရေး ဝန်ထမ်းတွေ ကြုံတွေ့ နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ အစိုးရအနေနဲ့ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
ပြင်သစ်အစိုးရဟာ အများပိုင်ပစ္စည်း ဖျက်ဆီးသူတွေကို ကုန်ကျစရိတ် ပြန်ပေးလျော်စေမယ့် ဥပ ဒေကြမ်းကို ရေးဆွဲနေပြီး ကျောင်းဆောင်အခြေအနေတွေကို အမြန်ဆုံး ပြုပြင်ပေးမယ်လို့ သိရပါတယ်။
News: BBC
Ref; France to close up to 500 schools on Monday over student protests