ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၅ ရက်

ဉာဏ်ရည်တုနည်းပညာ (AI) မူဝါဒတွေကို ကြီးကြပ်ကွပ်ကဲဖို့ အမျိုးသား ထောက်လှမ်းရေးအဖွဲ့ ညွှန်ကြားရေးမှူး ဂျေကလေးတန် ဦးဆောင်မယ့် အလုပ်အမှုဆောင် အဖွဲ့သစ်တစ်ခုကို ဖွဲ့စည်းလိုက် ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

“Super Intelligence Force” လို့ အမည်ပေးထားတဲ့ အဆိုပါတပ်ဖွဲ့ဟာ နည်းပညာ ဖွံ့ဖြိုးတိုးတက် မှုမှာ အမေရိကန်က ဆက်လက်ဦးဆောင်နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပြီး အစိုးရနဲ့ ပြည်သူတွေကြား ပူးပေါင်းဆောင်ရွက်မှုတွေကို ညှိနှိုင်းပေးမှာ ဖြစ်ပါတယ်။

အဖွဲ့ဝင်တွေအဖြစ် ဖက်ဒရယ် ကုန်သွယ်ရေးကော်မရှင် ဥက္ကဋ္ဌ အန်ဒရူးဖာဂူဆန် နဲ့ ကာကွယ်ရေး ဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး အီမေးလ်မိုက်ကယ်တို့ ပါဝင်ပါတယ်။

AI နည်းပညာ ထိန်းကျောင်းရေးအတွက် နည်းပညာ ကုမ္ပဏီကြီးတွေရဲ့ အကြီးအကဲတွေ ကတိ ကဝတ်ပြုခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်က အခုတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ဒီတပ်ဖွဲ့ဟာ စားသုံးသူတွေ၊ ပြည်သူ့အကျိုးပြု အဖွဲ့အစည်းတွေ၊ ဘာသာရေး အဖွဲ့အစည်းတွေနဲ့ နည်းပညာကုမ္ပဏီတွေကြား ညှိနှိုင်းဆောင်ရွက်ပေးသွားမှာပါ။

အဆိုပါတပ်ဖွဲ့မှာ ဝန်ထမ်းရေးရာ စီမံခန့်ခွဲရေးရုံး ညွှန်ကြားရေးမှူး စကော့တ်ကူးပါးလည်း ပါဝင် ပြီး ဒေါ်နယ်ထရမ့်နဲ့ အိမ်ဖြူတော် ဝန်ထမ်းများ ဌာနမှူး စူဇီဝိုင်းလ်စ်တို့ထံ တိုက်ရိုက် အစီရင်ခံရမှာ ဖြစ်ပါ တယ်။

OpenAI နဲ့ Anthropic အပါအဝင် နည်းပညာကုမ္ပဏီ အကြီးအကဲတွေက နည်းပညာ ထိန်းချုပ် ရေး စည်းမျဉ်းတွေ ပိုမို တင်းကျပ်ဖို့ တောင်းဆိုနေကြချိန်မှာ ဒီကြေညာချက် ထွက်ပေါ်လာတာပါ။

OpenAI ရဲ့ စီအီးအို ဆမ်အော့တ်မန်းက နည်းပညာရဲ့ အကျိုးကျေးဇူးတွေကြောင့် ဆိုးကျိုးအချို့ ကို လက်ခံရမှာဖြစ်ပြီး နည်းပညာကို ပြည်သူတွေ လွတ်လပ်စွာ သုံးစွဲခွင့် ရှိရမယ်လို့ ပြောပါတယ်။

ဒေါ်နယ်ထရမ့်က AI ဆိုတဲ့ စကားလုံးဟာ အတုအယောင်ဆန်တယ်လို့ ယူဆတာကြောင့် “Super Intelligence” လို့ အမည်ပြောင်းလဲမယ့် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

အမည်ပြောင်းလဲမှုအပေါ် ကျွမ်းကျင်သူအချို့က မေးခွန်းထုတ်ကြပေမဲ့ အီလွန်မာ့စ်လို နည်းပညာ လုပ်ငန်းရှင်အချို့က သူတို့ရဲ့ လုပ်ငန်းတွေမှာ ဒီအမည်သစ်ကို စတင် သုံးစွဲနေကြပြီ ဖြစ်ပါတယ်။

အီလွန်မာ့စ်ဟာ အနာဂတ် စစ်ပွဲဆိုင်ရာ သုတေသန စီမံကိန်းတစ်ခုမှာ ပါဝင်ဖို့အတွက် အမေရိ ကန်အစိုးရအဖွဲ့မှာ ပြန်လည်ပါဝင်လာပါတယ်။

News: BBC
Ref; Trump unveils ‘Super Intelligence Force’ to oversee AI policy