
တရုတ်က ကျူးကျော်တိုက်ခိုက်ရင် အမေရိကန်စစ်တပ်က ထိုင်ဝမ်ကို ကာကွယ်ပေးမယ်လို့ သမ္မတ ဂျိုးဘိုင်ဒင် ပြော
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၉ ရက်
တရုတ်က ကျူးကျော်တိုက်ခိုက်လာရင် အမေရိကန်စစ်တပ်က ထိုင်ဝမ်ကို ကာကွယ်ပေးမယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က စက်တင်ဘာလ ၁၈ ရက်မှာ ပြောကြားလိုက်ပါတယ်။
သမ္မတ ဂျိုးဘိုင်ဒင်က CBS ရုပ်သံဌာနနဲ့ မိနစ် ၆၀ ကြာ အင်တာဗျူးတစ်ခုအတွင်း တွေ့ဆုံမေးမြန်းသူ စ ကော့ပယ်လေးရဲ့ အမေရိကန်တပ်ဖွဲ့တွေက ထိုင်ဝမ်ကို ကာကွယ်ပေးမှာလားဆိုတဲ့ မေးခွန်းကိုဖြေကြားရာမှာ အ ခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
“မကြုံစဖူး တိုက်ခိုက်မှုတစ်ခုရှိလာခဲ့ရင် အမေရိကန်စစ်တပ်က ထိုင်ဝမ်ကို ကာကွယ်ပေးမှာဖြစ်ပါတယ်” လို့ ဂျိုးဘိုင်ဒင်က ဖြေကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့ “တရုတ်တစ်နိုင်ငံတည်းမူဝါဒ” ကတော့ အပြောင်းအလဲ မရှိဘူးလို့ ၄င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ “တရုတ်တစ်နိုင်ငံတည်းမူဝါဒ” ကို အသိအမှတ်ပြုထားဆဲဖြစ်ပေမယ့် ထိုင်ဝမ်က သူ့ရဲ့ လွတ်လပ်ရေးနဲ့ပတ်သက်လို့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်” လို့ သူက ဆိုပါတယ်။
အမေရိကန်နိုင်ငံဟာ ၁၉၇၉ ခုနှစ်မှာ ထိုင်ဝမ်နဲ့ တရားဝင် သံတမန်ဆက်ဆံရေး ဖြတ်တောက်ခဲ့ပြီး တ ရုတ်နိုင်ငံကိုသာ တစ်ခုတည်းသော ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုတာကြောင့် တရုတ်နိုင်ငံက အရေးပါတဲ့ ကုန်သွယ်ဘက်နိုင်ငံတစ်ခု ဖြစ်လာခဲ့ပါတယ်။
တစ်ချိန်တည်းမှာဘဲ အမေရိကန်နိုင်ငံက ထိုင်ဝမ်ကို ပံ့ပိုးပေးရာမှာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်နေပါတယ်။ ကွန်ဂရက်က အတည်ပြုတဲ့ ဥပဒေတစ်ရပ်အရ အမေရိကန်နိုင်ငံက တရုတ်စစ်တပ်ရဲ့ရန်ကို ခုခံကာကွယ်နိုင်ဖို့ ထိုင်ဝမ်သို့ စစ်လက်နက်တွေ ရောင်းချမှာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံက ထိုင်ဝမ်သို့ ဒေါ်လာတစ်ဘီလီယံတန်ကြေးရှိ စစ်လက်နက်တွေ ထပ်မံ ရောင်းချမယ် လို့ ဒီလအတွင်း ကြေညာခဲ့ပါတယ်။
“မီးနဲ့ကစားသူဟာ မီးလောင်ခံရမယ်” လို့ ဇူလိုင်လအတွင်း သမ္မတ ဂျိုဘိုင်ဒင်နဲ့ ဖုန်းပြောဆိုမှုတစ်ခုအ တွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ထိုင်ဝမ်အရေးနဲ့ပတ်သက်လို့ သတိပေးခဲ့ပါတယ်။
ကိုးကား – The Straits Times
Ref; Biden says US forces to defend Taiwan in the event of ‘unprecedented attack’