ပုသိမ်မြို့မှာ မီးရထားပိုင်မြေထဲ ပိုက်ဆံပေးနေတဲ့ အခြေခံလူတန်းစားနေအိမ်တွေကို စစ်ကောင်စီက ဖျက်သိမ်းခိုင်း
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၉ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စက်တင်ဘာလ ၁၇ ရက်နေ့က မီးရထားပိုင်မြေမှာ အခကြေးငွေပေးနိုင်ထိုင်ရတဲ့ ဒေသခံပြည်သူတွေကို စစ်ကောင်စီက ကျူးကျော်ဆိုပြီး နေအိမ်ဖျက်ခိုင်းတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ပုသိမ်မြို့ အမှတ် ၇ ရပ်ကွက်နဲ့ အမှတ် ၆ ရပ်ကွက်ကြားမှာရှိတဲ့ မီးရထားလမ်းဘေးတလျှောက်မှာရှိတဲ့ အခြေခံ လူတန်းစားတွေရဲ့ နေအိမ်တွေကို ဖျက်ခိုင်းခဲ့တာလို့ ဒေသခံတွေပြောပါတယ်။
“ ကျွန်တော်တို့ဘက်တော့ ၁၇ ရက်နေ့စဖျက်ရတာ ရထားလမ်းတလျှောက်ဖျက်ရတာ ခန့်ချောကြီးဘက်ထိ လမ်းတလျှောက်အကုန်ဖျက်ရတာ မီးရထားပိုင်မြေဆိုတော့ မီးရထားက လူကြီးတွေကို အရင်က အခွန်သဘော မျိုးပေးနေတာ အထောက်အထားတော့ ဘာမှမရှိဘူးလေ ခုဖျက်ဆိုတော့ ဖျက်ရတာပေါ့”လို့ ဒေသခံ အမျိုးသား တဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
မီးရထားပိုင်မြေမှာ နေစရာမရှိလို့ အခွန်သဘော အခကြေးငွေပေးပြီး နေထိုင်ရတဲ့ အခြေခံလူတန်းစာတွေကို စစ်ကောင်စီသတင်းပေးတွေက မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီနဲ့ ပေါင်းပြီး ဖျက်ခိုင်းခဲ့တာလို့ ဆိုပါတယ်။
မိုးတွင်းကာလမှာနေအိမ်တွေဖျက်လိုက်ရတာကြောင့် အခြေခံလူတန်းစားတွေအနေနဲ့ နေထိုင်ရေး အခက်အခဲ တွေဖြစ်ပေါ်နေပြီး အားလုံး ဖျက်ရတဲ့ အိမ်စုစုပေါင်း ၃၀၀ ကျော်ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
#ပုသိမ် #မီးရထားပိုင်မြေ #ပိုက်ဆံပေးနေ #အခြေခံလူတန်းစား #နေအိမ် #စစ်ကောင်စီ #ဖျက်သိမ်း
#Ayeyarwaddy_Times