ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၅ ရက်
ဂျာမနီဝန်ကြီးချုပ် ဖရက်ဒရစ်မာဇ်က ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့သို့ရောက်ရှိစဉ် ရုရှားရဲ့ လေ ကြောင်းတိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပေမယ့် ယူကရိန်းအတွက် ယူရို ၁ ဒသမ ၃ ဘီလီယံကျော် တန်ဖိုးရှိ ပံ့ပိုးကူညီမှု အစီအစဉ်သစ်ကို အောက်တိုဘာ ၄ ရက်မှာ ကြေညာလိုက်ပါတယ်။
အဆိုပါအစီအစဉ်မှာ တိုက်ခိုက်ရေးဒရုန်းတွေအတွက် ယူရို ၁ ဘီလီယံနဲ့ ဆောင်းရာသီအတွင်း စွမ်းအင်ကဏ္ဍ ကူညီပေးရေးအတွက် ယူရို သန်း ၃၅၀ ပါဝင်ပါတယ်။
ဖရက်ဒရစ်မာဇ် မြို့တော်ကိယက်ဗ်မှာ ရောက်ရှိနေစဉ် လေကြောင်းရန်အန္တရာယ် သတိပေးဥဩ သံတွေ ဆက်တိုက် ထွက်ပေါ်ခဲ့ပြီး ဒနီပရိုမြစ်ကူး တံတားတစ်စင်းကို ရုရှား ဒရုန်းက ထပ်မံ တိုက်ခိုက်ခဲ့ပါ တယ်။
ဖရက်ဒရစ်မာဇ်က ရုရှားရဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်မှုများကို စစ်ရာဇဝတ်မှုအဖြစ် ပြင်း ပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ရုရှားကို မတားဆီးနိုင်ပါက ဥရောပ ဒေသတစ်ခွင်သို့ အန္တရာယ် ကူးစက်လာနိုင် ကြောင်း သတိပေးပါတယ်။
ဂျာမနီနဲ့ ယူကရိန်းတို့ဟာ ရုရှားဒရုန်းတွေကို ပစ်ချနိုင်မယ့် ဒရုန်းတွေ ပူးတွဲ ထုတ်လုပ်ရေး အစီအ စဉ်ကိုလည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုဘက်က ယခုလကုန်ပိုင်းမှာ ယူကရိန်း၊ ရုရှားတို့နဲ့ နည်းပညာအဆင့် ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ အဆိုပြုထားကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။
အဆိုပါဆွေးနွေးပွဲမှာ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က ကြားဝင်စေ့စပ်သူအဖြစ် ပါ ဝင်နိုင်ခြေရှိကြောင်း ၎င်းက ဆိုပါတယ်။
ရုရှားက ကိယက်ဗ်မြို့ရှိ နိုင်ငံခြားသံတမန်တွေနဲ့ နိုင်ငံခြားသားတွေကို စွန့်ခွာဖို့ သတိပေးထားပေ မယ့် ဥရောပသမဂ္ဂသံတမန်အဖွဲ့က ကိယက်ဗ်မြို့တော်မှာ ဆက်လက်ရှိနေမယ်လို့ တုံ့ပြန်ထားပါတယ်။
ကိယက်ဗ်မြို့တော်မှာ အဆက်မပြတ် တိုက်ခိုက်မှုတွေကြောင့် ဓာတ်အားပြတ်တော်မှုနဲ့ သွားလာ ရေး အခက်အခဲတွေ ကြုံတွေ့နေရပြီး ဆောင်းရာသီ မတိုင်မီ အခြေအနေ ပိုဆိုးရွားလာပါတယ်။
News: France 24/AFP
Ref; Merz unveils new aid for Ukraine as Russia strikes Kyiv during German leader’s visit