ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃ ရက်

 

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ရွေးတုအစိုးရတပ်က လေကြောင်း မှ ဗုံးကြဲတိုက်ခိုက်သည့်အတွက် အသက် (၉၀) ဝန်းကျင်အရွယ် အဘိုးအိုတစ်ဦး သေဆုံးခဲ့ပြီး နေအိမ်အချို့ ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

 

ယနေ့ အောက်တိုဘာလ ၃ ရက်နေ့၊ နေ့လယ် နှစ်နာရီဝန်းကျင်တွင် မကွေးလေတပ် စခန်းမှ တက်လာသည့် ဂျက်ဖိုက်တာ နှစ်စီးသည် မင်းတပ်မြို့ပေါ် နှစ်နေရာကို ဗုံးသီး လေးလုံးဖြင့် လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဂျက်ဖိုက်နှစ်စီးနဲ့ နေ့လယ် ၁ နာရီ ၅၀ မိနစ်လောက်မှာ တစ်ကြိမ်၊ ၅၅ မိနစ်လောက်မှာ တစ်ကြိမ် မင်းတပ်မြို့ပေါ် ဘဝသစ်ရပ်ကွက်နဲ့ စိချဲ့ဘက်မှာ ဗုံးသီး လေးလုံးလောက်ကြဲသွားတာပါ” ဟု မင်းတပ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ယမန်နေ့ အောက်တိုဘာလ ၂ ရက်နေ့ကလည်း မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်တို့ကို ရွေးတုအစိုးရတပ်မှ လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။