ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃ ရက်

စစ်မဲ့ဇုန်အတွင်း မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် တင်းမာမှုတွေ မြင့်တက်နေချိန် မြောက်ကိုရီး ယားနိုင်ငံက ဒုံးကျည်တစ်စင်းကို ထပ်မံ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က သတင်းထုတ် ပြန်ပါတယ်။

အဆိုပါဒုံးကျည်ကို မြောက်ကိုရီးယား အရှေ့ဘက်ကမ်းရိုးတန်း ဝွန်ဆန်ဒေသမှ ဂျပန်ပင်လယ်ပြင် အတွင်းသို့ စနေနေ့ နံနက်ပိုင်းမှာ ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက စစ်မဲ့ဇုန် (DMZ) အတွင်း မိုင်းပေါက်ကွဲမှုကြောင့် တောင်ကိုရီးယားတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တောင်ကိုရီးယားက တရားဝင် တောင်းပန်ဖို့ တောင်းဆိုထားပါ တယ်။

မြောက်ကိုရီးယားက ယင်းပေါက်ကွဲမှုမှာ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုထားပြီး တောင် ကိုရီးယားရဲ့ တောင်းဆိုချက်ကို ပယ်ချခဲ့ပါတယ်။

မြောက်ကိုရီးယား ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ဟာ ကီလိုမီတာ ၇၀၀ ကျော်အထိ ရောက်ရှိသွားခဲ့ပြီး အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့က အနီးကပ် စောင့်ကြည့်ခဲ့ပါတယ်။

တောင်ကိုရီးယားသမ္မတ လီဂျေမြောင်က တွေ့ဆုံဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့ ကမ်းလှမ်းခဲ့ ပေမယ့် မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျောင်က သရော်ခဲ့ပါတယ်။

ကင်ယိုဂျောင်က ဆွေးနွေးပွဲ ကမ်းလှမ်းချက်တွေကို အဓိပ္ပာယ်မရှိတဲ့လုပ်ရပ်အဖြစ် ဝေဖန်ခဲ့ပြီး ဘာမဆို ရင်ဆိုင်ဖို့ အဆင်သင့်ရှိကြောင်း သတိပေးခဲ့ပါတယ်။

စစ်ရေးလေ့လာသူများက ယခု ဒုံးကျည်ပစ်ခတ်မှုဟာ တောင်ကိုရီးယားရဲ့ သံတမန်ရေးရာ ကြိုး ပမ်းမှုတွေကို စစ်ရေးအင်အား ပြသပြီး ငြင်းပယ်လိုက်တာလို့ သုံးသပ်ကြပါတယ်။

တောင်ကိုရီးယားစစ်တပ်က နယ်စပ်ဖြစ်စဉ်နဲ့ ပတ်သက်လို့ လိုအပ်တဲ့ တုံ့ပြန်မှုတွေကို အဆင့် လိုက် ဆောင်ရွက်သွားမယ်လို့ သတိပေးထားပါတယ်။

တောင်ကိုရီးယားဟာ မဟာမိတ်နိုင်ငံတွေနဲ့ သတင်းအချက်အလက် မျှဝေမှုကို အရှိန်မြှင့်ဆောင် ရွက်နေပါတယ်။
ယခုဖြစ်စဉ်ဟာ အမေရိကန်နဲ့ မြောက်ကိုရီးယားကြား သံတမန်ရေးရာ လှုပ်ရှားမှုတွေ ရှိနေချိန်မှာ ဖြစ်ပေါ်လာတဲ့ တင်းမာမှုတစ်ခု ဖြစ်ပါတယ်။

News: France 24/AFP
Ref; North Korea launches ballistic missile as tensions with Seoul grow over border mine blasts