ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃ ရက်
ရုရှားနိုင်ငံ၊ ဗိုရိုနက်ဇ်ဒေသမှာ ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုကို တုံ့ပြန်ဖို့ ဆောင်ရွက်စဉ် တပ်ဖွဲ့ ချင်း မှားယွင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
ရုရှား Su-35 တိုက်လေယာဉ်တစ်စင်းဟာ Mi-8 စစ်ဘက်ရဟတ်ယာဉ်ကို ယူကရိန်းဒရုန်းလို့ မှား ယွင်းယူဆကာ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ပစ်ခတ်မှုကြောင့် ရဟတ်ယာဉ် ပျက်ကျသွားခဲ့ပြီး ရဟတ်ယာဉ်မှူး၊ လမ်းကြောင်းထိန်းနဲ့ သေနတ်သမား တပ်ဖွဲ့ဝင် ၃ ဦးလုံး သေဆုံးသွားခဲ့ပါတယ်။
ဖြစ်စဉ်မှာ ရုရှားနိုင်ငံ၊ ဗိုရိုနက်ဇ်မြို့တော်နဲ့ ကီလိုမီတာ ၈၀ ခန့် အကွာ အန်နင်စကီးခရိုင်မှာ ဖြစ် ပွားခဲ့တာ ဖြစ်ပါတယ်။
Su-35 တိုက်လေယာဉ်အုပ်က ဝေဟင်မှာ လှည့်ပတ်ပျံသန်းနေတဲ့ Mi-8 ရဟတ်ယာဉ်ကို ရန်သူ့ဒ ရုန်းအဖြစ် မှားယွင်းကာ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
ရုရှား စစ်ဘက်ဆိုင်ရာ ဘလော့ဂါတစ်ဦးက ရဟတ်ယာဉ်တစ်စင်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း အ တည်ပြုခဲ့ပေမဲ့ အကြောင်းအရင်း အသေးစိတ်ကိုတော့ ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပါဘူး။
လက်ရှိအချိန်အထိ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရုရှား အာဏာပိုင်တွေက သတင်းထုတ်ပြန်ခြင်း သို့မ ဟုတ် တရားဝင် အတည်ပြုခြင်း မရှိသေးပေ။
Mi-8 ရဟတ်ယာဉ်တွေဟာ သယ်ယူပို့ဆောင်ရေးနဲ့ စစ်ဘက်ထောက်ပံ့ရေးတို့မှာ အဓိက အသုံး ဝင်တဲ့ အမျိုးအစား ဖြစ်ပါတယ်။
ရုရှားနိုင်ငံမှာ မိမိတပ်ဖွဲ့ချင်း မှားယွင်းပစ်ခတ်တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး နိုင်ငံတကာ စစ်ရေး လေ့ လာသူတွေက စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။
News: Kyiv Independent
Ref; Russian Mi-8 helicopter reportedly shot down in friendly-fire incident over Voronezh Oblast