ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃ ရက်
ပြင်သစ်နိုင်ငံမှာ သင်ကြားရေး အထောက်အကူပစ္စည်း မလုံလောက်မှု၊ သင်ကြားချိန် ရှည်လျား လွန်းမှုတို့နဲ့ ပတ်သက်ပြီး အထက်တန်းကျောင်းသားတွေရဲ့ ဆန္ဒပြပွဲတွေဟာ တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ ကူးစက်လာတာကြောင့် ဝန်ကြီးချုပ် ဆီဘက်စတီယန်လူကော်နူက အရေးပေါ် အစည်းအဝေး ခေါ်ယူ လိုက်ရပါတယ်။
ဆန္ဒပြပွဲတွေမှာ အကြမ်းဖက်မှုအချို့ ပါဝင်လာတာကြောင့် ဆီဘက်စတီယန်က ဝန်ကြီးတွေရဲ့ ခ ရီးစဉ်တွေကို ဖျက်သိမ်းခိုင်းပြီး ဒီပြဿနာကို အဓိကထား ကိုင်တွယ်ဖို့ ညွှန်ကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ပါရီဒေသရှိကျောင်းတွေမှာ စတင်ခဲ့တဲ့ ဒီဆန္ဒပြပွဲတွေဟာ ဆက်တိုက် ကြီးထွားလာခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့မှုတွေမှာ ကျောင်းသားရာချီ ဖမ်းဆီးခံခဲ့ရပါတယ်။
ကျောင်းသားတွေရဲ့ ခဲတွေ၊ ပစ္စည်းတွေနဲ့ ပစ်ပေါက်တာကြောင့်တင်မက ရဲတပ်ဖွဲ့ရဲ့ လူစုခွဲ ပစ် ခတ်မှုတွေကြောင့်ပါ နှစ်ဖက်စလုံးမှာ ဒဏ်ရာရသူ အမြောက်အမြား ရှိခဲ့ပါတယ်။
ကျောင်းအဝင်ဝတွေကို ပိတ်ဆို့တာ၊ မီးရှို့တာနဲ့ ဖျက်ဆီးမှုတွေ ရှိလာတာကြောင့် ကျောင်းပိတ်ဆို့ မှုတွေကို အဓမ္မ ဖယ်ရှားဖို့ ရဲတပ်ဖွဲ့ကို ညွှန်ကြားထားပါတယ်။

ကျောင်းသားတွေက နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ စာသင်ရတဲ့ အချိန်ဇယားတွေဟာ စိတ် ပိုင်းဆိုင်ရာ ဖိစီးမှု လွန်ကဲစေတယ်လို့ ပြောပါတယ်။
ပညာရေးဝန်ကြီး အဲဒူးဂတ်ဂျက်ဖရေးက အကြမ်းဖက်မှုတွေကြောင့် ကျောင်းသားတွေရဲ့ ပညာ သင်ကြားခွင့် မဆုံးရှုံးစေဖို့ အွန်လိုင်းကနေ စာသင်ကြားဖို့ ညွှန်ကြားထားပါတယ်။
ဒီဆန္ဒပြပွဲတွေဟာ အနာဂတ် သမ္မတ ရွေးကောက်ပွဲ မဲဆွယ်ပွဲတွေကြားမှာ အဓိက အကြောင်းအ ရာတစ်ခု ဖြစ်လာနေသလို အစိုးရအပေါ်မှာလည်း နိုင်ငံရေးဖိအားတွေ ပိုမို မြင့်တက်လာစေပါတယ်။
စက်တင်ဘာလကုန်နဲ့ အောက်တိုဘာလဆန်းပိုင်းမှာ ပေါ်ပေါက်လာတဲ့ ဒီကျောင်းသားဆန္ဒပြမှု အခြေအနေတွေကို အာဏာပိုင်တွေက အနီးကပ် စောင့်ကြည့်နေပါတယ်။
News: AP/Reuters
Ref; France gripped by spreading student protests as PM calls crisis meeting