ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံကို လေကြောင်းကနေ ထပ်မံ တိုက်ခိုက်ဖို့ လမ်း ဖွင့်ထားဆဲလို့ ပြောဆိုပြီးတဲ့နောက် အမေရိကန်စစ်တပ်ဟာ တပ်ဖွဲ့ဝင် ၉,၀၀၀ နီးပါးကို စစ်သင်္ဘောတွေနဲ့ အရှေ့အလယ်ပိုင်းဒေသသို့ စေလွှတ်လိုက်ပါတယ်။
အခုလို စစ်အင်အား ထပ်မံ တိုးမြှင့်လိုက်တာဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အစ္စရေးကို ပျံသန်းမယ့် FlyDubai လေယာဉ်ပေါ်မှာ တွဲဘက်လေယာဉ်မှူးက လေယာဉ်မှူးကို ဓားနဲ့ထိုးပြီး လေယာဉ်ကို ပျက်ကျ အောင် ကြိုးပမ်းခဲ့တဲ့ဖြစ်စဉ်မှာ အီရန် ပါဝင်ပတ်သက်မှု ရှိမရှိ အမေရိကန်က စုံစမ်းစစ်ဆေးနေချိန်နဲ့ တိုက် ဆိုင်နေပါတယ်။
FlyDubai ဖြစ်စဉ်မှာ အီရန် နောက်ကွယ်က ပါဝင်ပတ်သက်နေတဲ့ အထောက်အထားအချို့ ရရှိ ထားပြီး အီရန်ရဲ့ ပတ်သက်မှုကို အတည်ပြုနိုင်ခဲ့ရင် အပြင်းထန်ဆုံး လက်စားချေ တုံ့ပြန်မယ်လို့ ဒေါ်နယ် ထရမ့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဒီဖြစ်စဉ်ဟာ အစွန်းရောက် ဝါဒမှိုင်းတိုက်ခံရမှုနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။
အမေရိကန်တပ်ဖွဲ့ဝင်တွေထဲမှာ ရေတပ်သား ၇,၀၀၀ ကျော်နဲ့ ကမ်းတက်တပ်ဖွဲ့ဝင် ၂,၀၀၀ နီးပါး အပါအဝင် လေယာဉ်တင် သင်္ဘော USS Theodore Roosevelt နဲ့ စစ်သင်္ဘော အများအပြား ပါဝင်ပါ တယ်။
ဒီလအကုန် အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်ရဲ့ လေယာဉ်တင်သင်္ဘော သုံးစင်းအထိ ရှိလာ မှာဖြစ်ပြီး တပ်ဖွဲ့ဝင် ၂၀,၀၀၀ ကျော်နဲ့ စစ်လေယာဉ် ရာပေါင်းများစွာ တပ်စွဲနိုင်တော့မှာပါ။
အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၃ ရက်နောက်ပိုင်းမှာ အီရန်ကို ဗုံးကြဲတိုက် ခိုက်မှုတွေ အရှိန်မြှင့်မယ်လို့ Time မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
အီရန်နိုင်ငံက ကမ်းလှမ်းထားတဲ့ အပစ်အခတ် ရပ်စဲရေး အဆိုပြုချက်ကိုလည်း ဒေါ်နယ်ထရမ့်က ပယ်ချထားပါတယ်။
အမေရိကန်က ဟော်မုဇ်ရေလက်ကြားမှာ စစ်သင်္ဘောတွေနဲ့ ပိတ်ဆို့ပြီး အီရန်ရဲ့ ရေနံတင်ပို့မှုကို တားဆီးထားသလို အီရန်ကလည်း ပုံမှန်မဟုတ်တဲ့ တိုက်ခိုက်ရေး နည်းဗျူဟာတွေကို ပြောင်းလဲ သုံးစွဲ လာနိုင်တယ်လို့ သံသယရှိနေတာကြောင့် အရှေ့အလယ်ပိုင်း စစ်ရေးတင်းမာမှုဟာ ပိုမို ရှုပ်ထွေးတဲ့ အခြေ အနေဆီ ဦးတည်နေပါတယ်။
News & Photo: India Today
Ref; US sends 9,000 more troops as Trump keeps Iran strike option open