
ရွှေသောင်ယံကမ်းခြေကို ၀င်ရောက်လာတဲ့ ရိုဟင်ဂျာအမျိုးသမီး ၁၂ ဦး အပါအဝင် ၃၁ ဦး ဖမ်းဆိီးခံရ
ဧရာဝတီတိုင်းမ်
(ပုသိမ်)၊ စက်တင်ဘာလ ၁၉ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့မှာ ယမန်နေ့ စက်တင်ဘာ ၁၈ ရက်နေ့က ရိုဟင်ဂျာ (၃၁)ဦးကို တွေ့ရှိလို့ စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖမ်းဆီးရမိသူတွေဟာ အမျိုးသား ၁၉ ဦး၊
အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၃၁ ဦးရှိတယ်လို့ သိရပြီး ရွှေသောင်ယံမြို့က ရဲစခန်းမှာ ထားရှိပြီးစစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ အသိုင်းအ၀န်းကနေ သိရပါတယ်။
” စက်လှေနဲ့၀င်လာတာဖြစ်မယ်။ စက်လှေတော့မတွေ့ရဘူး။ ရွှေသောင်ယံ နွယ်ညှိချောင်းကျေးရွာနားမှာ သူတို့အုပ်စုလိုက်ကြီးကိုဖမ်းမိတာ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိူင်လ ၂၃ ရက်နေ့ ည ၁၂နာရီ အချိန်က ရွှေသောင်ယံမြို့ အနောက်ဘက်ပင်လယ်ပြင်မှာ စစ်ကောင်စီရဲ့ ရေတပ်သင်္ဘောကနေ ရိုဟင်ဂျာ ၄၈ ဦးပါတဲ့စက်လှေကို ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။
ဧရာဝတီတိုင်းမှာ ၆ လအတွင်း ရိုဟင်ဂျာ ၅၀၀ ကျော် စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ၁၀၀ ကျော်မှာ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံထားရတယ်လို့ ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ သိရပါတယ်။
ဓာတ်ပုံ – ပေးပို့
#ရွှေသောင်ယံ #ရိုဟင်ဂျာ #စစ်ကောင်စီ #ဖမ်းဆီး
#Ayeyarwaddy_Times