မြန်မာဘက်မှပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ကျရောက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်က စစ်ကောင်စီခန့် သံအမတ်ကို ၄ ကြိမ်အထိ ဆင့်ခေါ်ပြီး သတိပေး

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၉ ရက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း လက်နက်ကြီးကျည် ထပ်တလဲလဲ ကျရောက်မှုကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ခြားရေးဝန်ကြီးဌာနက စစ်ကောင်စီခန့် မြန်မာသံအမတ်ကို တစ်လအတွင်း ၄

ကြိမ်အထိ ဆင့်ခေါ်ပြီး သတိ ပေးခဲ့တယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာဘက်မှပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ မကြာခဏ ကျရောက်တာနဲ့ပတ်သက်လို့ စစ်ကောင်စီခန့် သံအမတ် အောင်ကျော်မိုးကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်မှပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပိုင်နက်ထဲရှိ လူနေဒေသတွေကို ထိမှန်တာကြောင့် နယ်စပ်ဒေသနေ ပြည်သူတွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကြား အုတ်အော် သောင်နင်း ဖြစ်သွားခဲ့ပါတယ်။

၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက် စစ်ဆင်ရေးကြောင့် ထွက်ပြေးလာခဲ့ တဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၂ သန်းကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံထားရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ သတိပေးချက်ကို အမြန်ဆုံး စစ်ကောင်စီထံ တင်ပြပေးမယ်လို့ စစ်ကောင်စီခန့် သံ အမတ်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

မြန်မာနဲ့ပဋိပက္ခကို သံတမန်နည်းလမ်းဖြင့်ဖြေရှင်းဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မျှော်လင့်တယ်လို့ ပြည်ထဲ ရေးဝန်ကြီး အဆာဒူဇာမန်ခန်းက ပြောကြားခဲ့ပါတယ်။

“အခြေအနေက မတိုးတက်လာဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဆက်ပြီး ပစ်ခတ်နေမယ်ဆိုရင် ကျွန်တော် တို့ မြန်မာကို ကုလသမဂ္ဂထံ တိုင်ကြားမှာဖြစ်ပါတယ်” လို့ ၄င်းက သတင်းထောက်တွေကို ပြောပါတယ်။

ဘင်္လားဒေ့ရှ်နယ်စပ်တစ်လျောက် မြန်မာနိုင်ငံအတွင်း ပစ်ခတ်မှုတွေ ဆက်ဖြစ်နေတယ်လို့ ဒေသန္တရ အာ ဏာပိုင်တွေနဲ့ နယ်စပ်နေ ရိုဟင်ဂျာတွေက ပြောပါတယ်။

ကိုးကား – Anadolu

Ref; Bangladesh summons Myanmar’s envoy over repeated cross-border shelling