ဒီးမော့ဆို PDF တပ်ရင်း(K)မှ မျက်နှာစုံညီ​တွေ့ဆုံပွဲနှင့် ရိုးရာဓ​လေ့ချည်မျှင်စွပ်ခြင်း အခမ်းအနားမြင်ကွင်း

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၉ ရက်​

ကယားပြည်နယ်၊ ဒီး​မော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်(DMO-Local PDF) တပ်ရင်း(K)မှ မျက်နှာစုံညီ​တွေ့ဆုံပွဲ နှင့် ချည်မျှင်စွပ်ခြင်းအခမ်းအနားကို ယ​မန်နေ့ စက်တင်ဘာလ ၁၈ ရက်​နေ့ မနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ထိုအခမ်းအနားတွင် ရပ်မိရပ်ဖများ၊ ဗဟို​​ကော်မတီဝင်များ ၊ တပ်ဖွဲ့ဝင်ရဲ​ဘော်မိသားစုဝင်များ ပါဝင်တက်​ရောက်ခဲ့ကြပြီး ​ရှေ့တန်းသွား​ရဲ​ဘော်များနှင့် တပ်ဖွဲ့ဝင်ရဲ​ဘော်များအားလုံး အသက်အန္တရာယ် ကင်းရှင်း​စေ​ရေးအတွက် ရိုးရာဓ​လေ့ချည်မျှင်စွပ်ခြင်း အခမ်းအနားအောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့တယ်လို့ DMO-Local PDF က ရေးသားထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – DMO PDF

#Ayeyarwaddy_Times