ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁ ရက်
ဒီနှစ်ကုန်မှာ ယူကရိန်းသို့ F-16 တိုက်လေယာဉ် (၃) စင်း လွှဲပြောင်းပေးဖို့ ဘယ်လ်ဂျီယံနိုင်ငံနဲ့ သ ဘောတူညီမှု ရရှိခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက စက်တင်ဘာ ၂၉ ရက်မှာ ပြောကြားလိုက်ပါ တယ်။
ဘယ်လ်ဂျီယံအပြင် စပိန်အပါအဝင် အခြားနိုင်ငံတွေကလည်း F-16 တိုက်လေယာဉ်တွေအတွက် လိုအပ်နေတဲ့ ခဲယမ်းမီးကျောက်တွေ အရေးပေါ် ပို့ဆောင်ပေးထားပြီလို့ ဇီလန်စကီးက X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
“ရုရှားက နေ့စဉ် တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတဲ့အချိန်မှာ လေကြောင်းရန် ကာကွယ် ရေးနဲ့ ပြည်သူတွေကို ကာကွယ်ပေးနိုင်မယ့် စွမ်းဆောင်ရည်တွေ ပိုပြီး ဖြည့်ဆည်းဖို့ လိုအပ်ပါတယ်” လို့ ၎င်းက ဆိုထားပြီး ဘယ်လ်ဂျီယံဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။

ဇီလန်စကီးဟာ ယူကရိန်းသို့ ရောက်ရှိနေတဲ့ ဒိန်းမတ်ပါလီမန်ဥက္ကဋ္ဌ စိုရင်ဂါဒေ၊ ဥရောပ ပြန်လည် ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးဘဏ် (EBRD) ဥက္ကဋ္ဌ အိုဒီလီရီနော့ဒ်တို့နဲ့ သီးခြားစီ တွေ့ဆုံပြီး စစ်ရေးနဲ့ စွမ်း အင်ကဏ္ဍဆိုင်ရာ အကူအညီတွေကို ဆွေးနွေးခဲ့ပါတယ်။
ဒိန်းမတ် ပါလီမန်ဥက္ကဋ္ဌနဲ့ တွေ့ဆုံစဉ်မှာ ဒိန်းမတ်ရဲ့ ခိုင်မာတဲ့ ကူညီပံ့ပိုးမှုတွေကို ကျေးဇူးတင် ကြောင်း ၎င်းက ပြောဆိုခဲ့သလို ယူကရိန်းရဲ့ လက်နက်ထုတ်လုပ်ရေးမှာ ငွေကြေးထောက်ပံ့ပေးမှုနဲ့ ဒရုန်း တွေ၊ ဒုံးကျည်တွေကို ချေမှုန်းနိုင်မယ့် လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ တိုက်ရိုက်ကူညီပေးဖို့ အ ရေးကြီးတယ်လို့ ထောက်ပြခဲ့ပါတယ်။
ဒိန်းမတ်နဲ့ ယူကရိန်းတို့ကြား ဘုံလုံခြုံရေး ပိုမိုခိုင်မာစေဖို့ ဥရောပ SAFE အစီအစဉ်အောက်က ပူး ပေါင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်သွားနိုင်တယ်လို့ သူက ဆိုပါတယ်။
EBRD ဥက္ကဋ္ဌနဲ့ တွေ့ဆုံမှုမှာ ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ခဲ့ရတဲ့ ယူကရိန်းရဲ့ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးနဲ့ လျှပ်စစ်ကဏ္ဍ ကာကွယ်ရေးအတွက် အကူအညီပေးနေမှုကို ကျေးဇူးတင် ကြောင်းနဲ့ ဒီအကူအညီတွေကို ဆက်လက် မျှော်လင့်ကြောင်း ဇီလန်စကီးက ပြောပါတယ်။
ရုရှားရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် လျှပ်စစ်ဓာတ်အားလိုင်းတွေ၊ ပို့ဆောင်ဆက်သွယ်ရေးနဲ့ အ ချက်အလက်ဌာနတွေ ထိခိုက်ထားရတာကြောင့် ပြန်လည်ထူထောင်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ် နိုင်ဖို့ EBRD ရဲ့ ငွေကြေးနဲ့ အခြေခံအဆောက်အအုံဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
News: Anadolu Agency
Ref; Zelenskyy says Belgium to transfer three F-16 fighter jets to Ukraine by year’s end