ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁ ရက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်မှု ၇၇ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားမှာ တရုတ် သမ္မတ ရှီကျင့်ဖျင်က ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ ရပ်တည်ချက်ကို ထပ်မံအတည်ပြုလိုက် ပါတယ်။

တရုတ်အမျိုးသားနေ့ မတိုင်မီ စက်တင်ဘာ ၃၀ ရက်က ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး မှာ ကျင်းပတဲ့ အဆိုပါအခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲတွေနဲ့ နိုင်ငံခြားသံတမန်တွေ လည်း တက်ရောက်ခဲ့ပါတယ်။

ထိုင်ဝမ်ရေလက်ကြားမှာ နှစ်ဖက်စလုံးကြား ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ကူးလူးဆက်ဆံမှုတွေ ကို ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်ရမယ်လို့ ရှီကျင့်ဖျင်က ပြောပါတယ်။

ထိုင်ဝမ်လွတ်လပ်ရေးအတွက် ကြိုးပမ်းနေတဲ့ ခွဲထွက်ရေးအင်အားစုတွေကို ပြတ်ပြတ်သားသား တိုက်ဖျက်မှာဖြစ်သလို ပြင်ပဝင်ရောက်စွက်ဖက်မှုတွေကိုလည်း ဆန့်ကျင်သွားမယ်လို့ သူက ဆိုပါတယ်။

ယခုပြောဆိုချက်ဟာ ထိုင်ဝမ်လွတ်လပ်ရေးကို လိုလားတယ်လို့ ပေကျင်းက သတ်မှတ်ထားတဲ့ ထိုင်ဝမ်သမ္မတ လိုင်ချင်တေးအစိုးရအဖွဲ့ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

အမျိုးသားပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ်ကို ရှေ့ဆက်နိုင်ဖို့အတွက် ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်သွားဖို့ ရှီကျင့်ဖျင်က တိုက်တွန်းပါတယ်။

နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့ ငြိမ်းချမ်းသော မူဝါဒကိုသာ ဆက်လက်စွဲ ကိုင်မယ်လို့ ၎င်းက ပြောပါတယ်။

မတည်ငြိမ်မှုတွေ ပြည့်နှက်နေတဲ့ လက်ရှိကမ္ဘာကြီးမှာ တရုတ်နိုင်ငံအနေနဲ့ ပိုမိုကောင်းမွန်တဲ့ စွမ်း အင်တွေနဲ့ သေချာရေရာမှုတွေကို ပေးသွားမယ်လို့ ရှီကျင့်ဖျင်က ဆိုပါတယ်။

ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး တရုတ်နှင့် ထိုင်ဝမ်ကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ယခု မိန့်ခွန်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

News: NHK
Ref; China’s Xi reiterates desire for Taiwan unification