ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁ ရက်
မကြာသေးမီက ကျင်းပခဲ့တဲ့ အမေရိကန်-တရုတ် ထိပ်သီးတွေ့ဆုံပွဲမှာ မြန်မာသုတေသီ ကိုမင်း ဇင် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကိစ္စရပ်တွေကို တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဆွေးနွေးခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ ၃၀ ရက်မှာ ပြောကြားလိုက်ပါ တယ်။
အိမ်ဖြူတော်မှာ ပြုလုပ်ခဲ့တဲ့ ထိပ်သီးတွေ့ဆုံပွဲအတွင်း ပြီးခဲ့တဲ့ ဇွန်လက တရုတ်အာဏာပိုင်တွေ ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရသူ အမေရိကန်နိုင်ငံသား မြန်မာသုတေသီ ကိုမင်းဇင်နဲ့ ဟောင်ကောင်မီဒီယာသူဌေး ဂျင်မီလိုင်တို့လို နိုင်ငံရေးအကျဉ်းသားတွေကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
“ကျွန်တော် သမ္မတ ရှီကျင့်ဖျင်နဲ့ ဆွေးနွေးခဲ့ပါတယ်။ အလွန် အရေးပါပြီး ရလဒ်ကောင်းတွေ ထွက် ပေါ်လာမယ်လို့ မျှော်လင့်ရတဲ့ ဆွေးနွေးမှုမျိုး ပြုလုပ်နိုင်ခဲ့ပါတယ်” လို့ ဒေါ်နယ်ထရမ့်က သတင်းထောက် တွေကို ပြောပါတယ်။
အမေရိကန်အစိုးရက တရုတ်နိုင်ငံမှာ မတရား ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသား မြန်မာသု တေသီ ကိုမင်းဇင်ရဲ့ဖြစ်စဉ်ကို ပြီးခဲ့တဲ့ သြဂုတ်လအတွင်း မတရားဖမ်းဆီးခံရမှုအဖြစ် တရားဝင် သတ်မှတ် ခဲ့ပါတယ်။
အမေရိကန်အစိုးရက ပြည်ပမှာ မတရားဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ အမေရိကန်နိုင်ငံသားတွေ ပြန်လည်လွတ်မြောက်ရေးကို ဦးစားပေး ဆောင်ရွက်နေပြီး ယခုတွေ့ဆုံပွဲမှာလည်း ကိုမင်းဇင် လွတ် မြောက်ရေးကို တရုတ်ခေါင်းဆောင်နဲ့ တိုက်ရိုက် ဆွေးနွေးခဲ့ပါတယ်။
နှစ်ပေါင်း ၂၀ ထောင်ဒဏ် ချမှတ်ခံထားရသည့် ဟောင်ကောင် ဒီမိုကရေစီရေး လှုပ်ရှားသူ မီဒီယာ သူဌေး ဂျင်မီလိုင် လွတ်မြောက်ရေးကိစ္စကိုပါ ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်နဲ့ တရုတ်ခေါင်းဆောင်နှစ်ဉီးကြား ဆွေးနွေးမှုမှတစ်ဆင့် ကိုမင်းဇင် အပါအဝင် မတ ရား ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ခြင်း ရှိ မရှိကို နိုင်ငံတကာက စောင့်ကြည့်နေပါတယ်။
News: Reuters
Ref; Trump says he discussed release of political prisoners with Xi