ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁ ရက်

ဒူဘိုင်းမြို့မှ တဲအဗစ်မြို့သို့ ပျံသန်းလာတဲ့ flydubai လေကြောင်းလိုင်းပိုင် လေယာဉ်ပေါ်မှာ တွဲ ဘက်လေယာဉ်မှူးက လေယာဉ်မှူးကို ဓားနဲ့ထိုးပြီး လေယာဉ်ကို ပျက်ကျအောင် ကြိုးပမ်းတဲ့ ဖြစ်စဉ်တစ် ခု စက်တင်ဘာ ၃၀ ရက်က ဖြစ်ပွားခဲ့ပါတယ်။

ခရီးသည် ၁၇၀ ကျော် ပါဝင်တဲ့ အဆိုပါ လေယာဉ်ပေါ်မှာ ဓားထိုးခံရတဲ့ အိန္ဒိယနိုင်ငံသား လေ ယာဉ်မှူး စမစ်မချာရာက ဒဏ်ရာပြင်းထန်နေတဲ့ကြားမှ စက်ခန်းတံခါးကို ဖွင့်ပေးခဲ့တာပါ။

လေယာဉ်ပေါ်ပါ ခရီးသည်တွေနဲ့ အမှုထမ်းတွေက ဓားနဲ့ထိုးတဲ့ တွဲဘက်လေယာဉ်မှူးကို ဝင် ရောက်လုံးထွေးပြီး ဖမ်းဆီးကာ ဆော်ဒီအာရေးဗီးယားနိုင်ငံ တာဘွတ်ခ်မြို့ လေဆိပ်သို့ ဘေးကင်းစွာ အ ရေးပေါ် ဆင်းသက်နိုင်ခဲ့ပါတယ်။

ဓားထိုးခံရတဲ့ လေယာဉ်မှူးရဲ့ ရဲဝံ့သော လုပ်ဆောင်ချက်ကြောင့် လူပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့က သူရဲကောင်းအဖြစ် ချီးကျူးစကား ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ ဓားထိုးခံရတဲ့ လေယာဉ်မှူးဟာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပြီး အခြေအနေ တည် ငြိမ်နေပြီလို့ သိရပါတယ်။

တွဲဘက်လေယာဉ်မှူးကို ဆော်ဒီ အာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးနေပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အစ္စရေး ကာကွယ်ရေးဝန်ကြီးတို့က ယခုဖြစ်စဉ်ဟာ အကြမ်းဖက်တိုက်ခိုက်ဖို့ ကြိုးပမ်းမှု ဖြစ်နိုင်ကြောင်း သုံးသပ်ထားပါတယ်။

flydubai လေကြောင်းလိုင်းက ပျံသန်းရေးလမ်းကြောင်းအတွင်း မတော်တဆဖြစ်စဉ် ဖြစ်ပွားခဲ့ တာကို အတည်ပြုထားပြီး အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ကူညီပေးနေပါတယ်။

အဆိုပါ လေယာဉ်ပေါ်ပါ အစ္စရေးခရီးသည်တွေကို အထူးလေယာဉ်နဲ့ တဲအဗစ်မြို့သို့ ဘေးကင်း စွာ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီ ဖြစ်ပါတယ်။

News: BBC
Ref; ‘Hero’ pilot stabbed by other pilot on Israel-bound plane, Israeli PM says