ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃၀ ရက်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ် သားတွေ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြင်း ထန်စွာ ရှုတ်ချလိုက်ပါတယ်။
စက်တင်ဘာ ၂၈ ရက်က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ အိန္ဒိယဈေးအနီး မြန်မာစစ်တပ်ရဲ့ ဗုံး ကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၅၀ သေဆုံးပြီး ၆၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။
ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတက်ဖန်ဒူဂျာရစ်က “ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အရပ် သားတွေအပေါ် အခုလို အကြမ်းဖက် တိုက်ခိုက်နေတာတွေကို ပြင်းထန်စွာ ရှုတ်ချပါတယ်။ အရပ်သား တွေကို ကာကွယ်ပေးဖို့နဲ့ နိုင်ငံတကာဥပဒေတွေကို လိုက်နာပြီး အကြမ်းဖက်မှုတွေကို ချက်ချင်း ရပ်တန့်ဖို့ ပဋိပက္ခမှာ ပါဝင်သူအားလုံးကို တောင်းဆိုပါတယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။
ကျူးလွန်သူတွေကို ထိုက်သင့်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင် ဆောင်ရွက်ရမယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ယခုတိုက်ခိုက်မှုဟာ ဒုက္ခသည်တွေနဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်းတွေ ဘေးကင်းလုံခြုံစွာနဲ့ ဂုဏ် သိက္ခာရှိရှိ နေရပ်ပြန်နိုင်ဖို့ အခြေအနေ မရှိသေးဘူးဆိုတာကို ပေါ်လွင်စေတယ်လို့ သူက ဆိုပါတယ်။
ကုလသမဂ္ဂနဲ့ လူသားချင်းစာနာမှု ကူညီရေးအဖွဲ့တွေအနေနဲ့ လိုအပ်နေတဲ့နေရာတွေကို အကူအ ညီတွေ ဘေးကင်းကင်းနဲ့ အဟန့်အတားမရှိ ပို့ဆောင်နိုင်အောင် လမ်းဖွင့်ပေးဖို့ ဒူဂျာရစ်က တိုက်တွန်းပါ တယ်။
မလေးရှားအစိုးရက မြန်မာဒုက္ခသည် ၁,၅၀၀ နီးပါးကို မြန်မာနိုင်ငံသို့ အဓမ္မ ပြန်လည်ပို့ဆောင်နေ တဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ဂူတာရက်စ်က စိုးရိမ်ကြောင်း ထုတ်ဖော်ပြောပါတယ်။
မလေးရှားအနေနဲ့ ဒုက္ခသည်တွေ ပြန်လည်ပို့ဆောင်ရေး အစီအစဉ်ကို ချက်ချင်း ရပ်ဆိုင်းပေးဖို့နဲ့ နောက်ထပ် နှင်ထုတ်မှုတွေကိုပါ ပိတ်ပင်ပေးဖို့ ဂူတာရက်စ်က တောင်းဆိုလိုက်ပါတယ်။
မလေးရှားအာဏာပိုင်တွေဟာ စက်တင်ဘာ ၂၉ ရက်မှာ မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို မြန်မာ စစ်ရေယာဉ် သုံးစီးနဲ့ ပြန်လည်ပို့ဆောင်မှု စတင်ခဲ့တာပါ။ ယင်းအုပ်စုထဲမှာ အမျိုးသား ၁,၃၇၀ ဦး၊ အမျိုးသ မီး ၇၉ ဦးနဲ့ ကလေးငယ်တွေ ပါဝင်နေတယ်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ညှဉ်းပန်းနှိပ်စက်မှု၊ အသက်အန္တရာယ်နဲ့ လွတ်လပ်ခွင့် ခြိမ်းခြောက်ခံရနိုင်တဲ့ နိုင်ငံတွေဆီ ဒုက္ခ သည်တွေကို အဓမ္မ ပြန်မပို့ရဆိုတဲ့ နိုင်ငံတကာဥပဒေကို နိုင်ငံတိုင်းက မပျက်မကွက် လိုက်နာဖို့ တာဝန်ရှိ တယ်လို့ ဒူဂျာရစ်က သတိပေးပါတယ်။
News: Anadolu Agency
Ref; UN chief ‘strongly condemns’ deadly Myanmar airstrike, voices alarm about casualties