ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၉ ရက်

အီရန်တပ်ဖွဲ့တွေဟာ နိုင်ငံတောင်ဘက်ပိုင်း ပင်လယ်ပြင်ကနေ အာရေဗျပင်လယ်ထဲအထိ ရန်သူ တွေကို မောင်းထုတ်နိုင်ခဲ့ပြီလို့ အီရန်ဉသျှောင် မိုဂျာတာဘာခါမေနီက စက်တင်ဘာ ၂၈ ရက်မှာ ပြောကြား လိုက်ပါတယ်။

မကြာခင်မှာလည်း အာရေဗျပင်လယ်ပြင်ထဲကနေ ရန်သူတွေကို ထပ်မံ မောင်းထုတ်ဦးမယ်လို့ ခါ မေနီရဲ့ Telegram ချန်နယ်မှာ ဖော်ပြထားတဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပဋိပက္ခတွေကို အဆုံးသတ်ဖို့ အီရန်ရဲ့ အဆိုပြုချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပယ် ချခဲ့ပြီးနောက် တနင်္လာနေ့မှာ အမေရိကန် စတော့ရှယ်ယာစျေးကွက်တွေ ကျဆင်းသွားခဲ့ပါတယ်။

ရေနံစိမ်းစျေးနှုန်းတွေ ရုတ်တရက် မြင့်တက်ခဲ့တာကြောင့် ငွေကြေးဖောင်းပွမှု စိုးရိမ်ပူပန်မှုတွေ ပြန်လည်မြင့်တက်လာခဲ့ပြီး ဘဏ္ဍာရေးစျေးကွက်အပေါ် ရိုက်ခတ်မှုတွေ ရှိခဲ့တာပါ။

အီရန်နိုင်ငံဟာ ပြီးခဲ့တဲ့အပတ်က နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာ ခံမှာ ငြိမ်းချမ်းရေး အဆိုပြုချက်တစ်ခုကို ကြေညာခဲ့ပါတယ်။

အဆိုပါကမ်းလှမ်းချက်ကို ကာတာ ကြားဝင်စေ့စပ်သူတွေမှတစ်ဆင့် အမေရိကန်ထံ ပေးပို့ခဲ့တာ လို့ အီရန်က ပြောပါတယ်။
ဒေါ်နယ်ထရမ့်က အီရန်ရဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်ကို ပယ်ချခဲ့တယ်လို့ စက်တင်ဘာ ၂၆ ရက် မှာ အတည်ပြုခဲ့ပါတယ်။

စက်တင်ဘာ ၂၇ ရက်မှာ အမေရိကန် ဆွေးနွေးရေး အဖွဲ့ဝင်တွေအနေနဲ့ ဒီအပတ်ထဲမှာ ဆွေးနွေးမှု တွေ ဆက်လက် လုပ်ဆောင်သွားဖို့ မျှော်လင့်ကြောင်း Axios သတင်းဌာနကို ပြောပါတယ်။

“အီရန်က စစ်ပွဲမှာ ရှုံးနိမ့်နေတာကြောင့် ဟော်မုဇ်ရေလက်ကြားကို ချက်ချင်း ပြန်ဖွင့်ဖို့ သဘောတူ ညီချက် ရယူချင်နေတာ” လို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။

အမေရိကန်တပ်ဖွဲ့တွေအနေနဲ့ အီရန်နဲ့ ပဋိပက္ခမှာ အသာစီး ရရှိနေတယ်လို့လည်း ၎င်းက ထပ် လောင်းပြောပါတယ်။

ပင်လယ်ကွေ့ဒေသမှာ ရေကြောင်းလုံခြုံရေးနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ အီရန်တို့ကြား အချေ အတင်ဖြစ်မှုတွေနဲ့ တင်းမာမှုတွေ ပိုမို မြင့်တက်လာပါတယ်။

News: Reuters
Ref; Iranian forces will push enemies out of Arabian Sea: Mojtaba Khamenei