ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၉ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ထိုင်ဝမ်ထံ လက်နက်ရောင်းချဖို့ စီစဉ်ထားမှုနဲ့ ပတ်သက် ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဆွေးနွေးစဉ် ဒါဟာ ကမ္ဘာအနှံ့ အရောင်းအဝယ် ပြုလုပ်နေတဲ့ ပုံမှန်လုပ် ငန်းစဉ်လို့ ပြောဆိုခဲ့ကြောင်း တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒေးဗစ်ပါဂျူးက ပြောပါ တယ်။

ဒေါ်နယ်ထရမ့်ဟာ ရှီကျင့်ဖျင်ကို အမေရိကန်လက်နက်တွေ ဝယ်ယူချင်သလားလို့ပါ စနောက် မေးမြန်းခဲ့သေးတယ်လို့ ၎င်းက ဆိုပါတယ်။

ရှီကျင့်ဖျင်ရဲ့ ဝါရှင်တန်ခရီးစဉ်အပြီး Fox News သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းမှုမှာ ဒေးဗစ်ပါ ဂျူးက အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် လွှတ်တော်အမတ်တွေက ထိုင်ဝမ်ထံ ပေးပို့မယ့် စစ်ရေးအကူအညီတွေနဲ့ လက်နက် တင်ပို့မှုတွေ ကြန့်ကြာနေတာနဲ့ ပတ်သက်ပြီး စိုးရိမ်နေပါတယ်။

ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်အတွင်း ကျေနပ်အောင် လုပ်ဆောင်ပေးတဲ့အနေနဲ့ အမေရိကန်က ထိုင်ဝမ်ကို ကူညီမှုတွေ လျှော့ချထားသလားဆိုတဲ့ မေးခွန်းကိုတော့ ဒေးဗစ်ပါဂျူးက ငြင်းဆိုပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ထိုင်ဝမ်အရေးနဲ့ ပတ်သက်ရင် ပြတ်သားသူဖြစ်ပြီး ထိုင်ဝမ်ထံ လက်နက်များ စွာ ရောင်းချပေးခဲ့ဖူးတယ်လို့ ၎င်းက ထောက်ပြပါတယ်။

အမေရိကန် ဥပဒေအရ ထိုင်ဝမ်ကို ကိုယ်တိုင်ကာကွယ်နိုင်စွမ်းရှိအောင် ကူညီပေးဖို့ တာဝန်ရှိပြီး အဓိက လက်နက်ထောက်ပံ့သူလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံက ထိုင်ဝမ်ထံ အမေရိကန်ရဲ့ လက်နက်ရောင်းချမှုတွေကို ချက်ချင်း ရပ်တန့်ဖို့ အ ကြိမ်ကြိမ် တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်း ပေကျင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲအပြီးမှာ အမေရိကန်က ထိုင်ဝမ်သို့ ဒေါ်လာ ၁၄ ဘီလီယံတန်ကြေးရှိတဲ့ လက်နက်ရောင်းချမှုကို ခေတ္တဆိုင်းငံ့ခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်က ထိုင်ဝမ်ထံ လက်နက်ရောင်းချမှုကို တရုတ်နဲ့ ဆွေးနွေးရာမှာ သုံးနိုင်တဲ့ အကွက် ကောင်းတစ်ခုအဖြစ် တင်စားပြောဆိုခဲ့ပါတယ်။

ရှီကျင့်ဖျင်က ထိုင်ဝမ်လွတ်လပ်ရေး ကြိုးပမ်းမှုတွေကို ကန့်ကွက်ပေးဖို့ ဒေါ်နယ်ထရမ့်ကို တိုက် တွန်းထားတယ်လို့ တရုတ်မီဒီယာတွေက ဖော်ပြပါတယ်။

News: India Today
Ref; Trump tells Xi US arms sales to Taiwan are routine, envoy says