ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၈ ရက်

 

ရွေးတုအစိုးရစစ်တပ်အတွင်း တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ စစ်ဆင်ရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများအနက် အဓိက တိုက်ခိုက်ရေးတပ်မများတွင် လက်နက်အမျိုးအစားသစ်များ ပြောင်းလဲ တပ်ဆင်ပေးသည့် လုပ်ငန်းစဉ်များကို တွင်တွင်ကျယ်ကျယ် စတင်ပြုလုပ်လာကြောင်း တပ်တွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

 

အဆိုပါ လက်နက်ပြောင်းလဲတပ်ဆင်မှုတွင် ရှေ့တန်းတိုက်ခိုက်ရေးတပ်မများ၌ မူလက အဓိကသုံးစွဲ ခဲ့သည့် မာခ်တူး (MA-2 Machine Receiver) စက်သေနတ်များအစား MA Type 1 (MA-1) တိုက်ခိုက်ရေးရိုင်ဖယ်များကို လဲလှယ်တပ်ဆင်ပေးခြင်း ဖြစ်ကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံမှ သိရသည်။

ယခုကဲ့သို့ အစားထိုးလိုက်သည့် MA Type 1 (MA-1) ဆိုသည်မှာ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ထုတ် 5.56mm ကျည်သုံး စံပြုတိုက်ခိုက်ရေးရိုင်ဖယ် (Standard Assault Rifle) ဖြစ်ကြောင်း သိရသည်။

 

မူလလေးလံသည့် မာခ်တူး (MA-2) စက်သေနတ်များထက် ကိုယ်ထည် ပေါ့ပါးသည့်အတွက် စစ်တပ် တပ်ဖွဲ့ဝင်များအနေဖြင့် တောတောင်ထူထပ်သော စစ်မျက်နှာစာများတွင် ရွေ့လျားစစ်ဆင်ရေးနှင့် ပြောက်ကျားစစ်ဆင်ရေးဆိုင်ရာ ပစ်အား ပိုမိုသွက်လက်လာစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ် ကြောင်း စစ်ရေးနှင့် စစ်လက်နက်များအကြောင်းကို လေ့လာသုံးသပ်နေသည့် CDM ဗိုလ်ကြီး တစ်ဦးက ဆိုသည်။

 

ပုံစာ-ရွေးတုအစိုးရစစ်တပ်က အသုံးပြုလာသည့် MA Type 1 (MA-1) သေနတ်၊