ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၈ ရက်
ရွေးတုအစိုးရစစ်တပ်အတွင်း ထိပ်ပိုင်းအရာရှိကြီးအချို့နှင့် စစ်တိုင်း/တပ်မအဆင့် အရာရှိကြီးများအား ရာထူးပြောင်းရွှေ့ခြင်း၊ စစ်ဆေးခံရန် အရန်အင်အားသို့ ပို့ဆောင်ခြင်းနှင့် လူစားထိုးခန့်အပ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
တရုတ်စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးချုပ် ဇော်ဇော်နိုင်ကို ဒုတိယစစ်ဆေးရေးအရာရှိချုပ် (တပ်မတော်စစ်ဆေးရေးအရာရှိချုပ်-စစ်) ရာထူးသို့ အပြောင်းအလဲပြုလုပ်ခဲ့သည်ဟု တပ်တွင်းသတင်းများနှင့် စစ်ရေးသုံးသပ်ချက်များကို ဖော်ပြနေသည့် CDM ဗိုလ်ကြီးဇင်ယော်ထံမှ သိရသည်။
တရုတ်စစ်သံမှူး ဗိုလ်မှူးချုပ် ဇော်ဇော်နိုင်အား ဒုတိယစစ်ဆေးရေးအရာရှိချုပ် (တပ်မတော်စစ်ဆေးရေးအရာရှိချုပ်-စစ်) ရာထူးသို့ အပြောင်းအလဲ ပြုလုပ်ခဲ့သည်ဟု တပ်တွင်းသတင်းများနှင့် စစ်ရေးသုံးသပ်ချက်များကို ဖော်ပြနေသည့် CDM ဗိုလ်ကြီးဇင်ယော်ထံမှ သိရသည်။
ထို့ပြင် မူလဒုတိယစစ်ဆေးရေးအရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူကို စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် (စရဖ) ထံတွင် တွဲဖက်စစ်ဆေးခံရန်အတွက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၀) ၏ စကခမှူးထံသို့ အရန်အင်အားအဖြစ် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် တပ်မ (၂၂) ၏ ဒုတိယတပ်မမှူးကို စကခမှူး (လှိုင်းဘွဲ့) ရာထူးသို့ အပြောင်းအလဲပြုလုပ်ခဲ့ပြီး စစ်ဦးစီးတက္ကသိုလ် (ဥစတ) မှ ဗိုလ်မှူးကြီး မောင်မောင်သန်းကို တပ်မ (၇၇) ၏ ဒုတိယတပ်မမှူးအဖြစ်လည်းကောင်း၊ စစ်ဦးစီးတက္ကသိုလ်မှ ဗိုလ်မှူးကြီး အောင်မျိုးမြင့်ကို စကခ-၆ ၏ ဒုတိယစကခမှူးအဖြစ်လည်းကောင်း အသီးသီး တာဝန်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်