ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၆ ရက်

အီရန်နိုင်ငံက အဆိုပြုတဲ့ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်လှစ်ရေးနဲ့ ၇ ရက်အတွင်း တိုက်ခိုက်မှု တွေ ရပ်ဆိုင်းရေး အစီအစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပယ်ချလိုက်တယ်လို့ Wall Street Journal က ဖော်ပြပါတယ်။

ကာတာနိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို အမေရိကန်နိုင်ငံထံ ပေးပို့ခဲ့ပြီး သဘောတူညီချက် ရရှိပါက စစ်ပွဲကို ခဏရပ်တန့်ကာ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးမယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အရတ်ချီက ကုလသမဂ္ဂမှာ ပြောပါတယ်။

ဒေါ်နယ်ထရမ့်က အီရန်ရဲ့ အဆိုပြုချက်အပေါ် သံသယရှိနေပြီး လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ အပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လည်စတင်ဖို့ စီစဉ်နေကြောင်း အိမ်ဖြူတော် အရာရှိတွေက ပြော ပါတယ်။

အီရန်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်မှာ အမေရိကန်က အီရန် ဆိပ်ကမ်းတွေအပေါ် ပိတ်ဆို့ထားမှုကို ရုပ်သိမ်းပေးဖို့၊ ထိန်းချုပ်ခံ အီရန် ဘဏ္ဍာငွေတွေကို ပြန်ထုတ်ပေးဖို့နဲ့ ရေနံဒဏ်ခတ်ပိတ်ဆို့မှုတွေ လျှော့ ချပေးဖို့ တောင်းဆိုထားပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ရေးအရ တိုက်ခိုက်မှုတွေ စတင်ခဲ့တဲ့ ဖေဖော်ဝါရီလနောက်ပိုင်း အီ ရန်ပဋိပက္ခကြောင့် ကမ္ဘာ့ အဓိက ရေနံသယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေ ထိခိုက်ခဲ့ပါတယ်။

စစ်ပွဲအတွင်း အီရန်နဲ့ မဟာမိတ်တွေက မောင်းသူမဲ့လေယာဉ်တွေ၊ ဒုံးကျည်တွေနဲ့ တုံ့ပြန်တိုက် ခိုက်ခဲ့သလို ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့ကလည်း ဆော်ဒီအာရေးဘီးယားရဲ့ အရေးပါတဲ့ စီးပွားရေး ပစ်မှတ် တွေကို တိုက်ခိုက်ခဲ့ပါတယ်။

ဒေသတွင်း စစ်ရေးတင်းမာမှုတွေ မြင့်တက်လာချိန် ဆော်ဒီအာရေးဘီးယား၊ ပါကစ္စတန်နဲ့ တူရကီ ကာကွယ်ရေး အရာရှိတွေဟာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးအတွက် ရိယာဒ်မြို့မှာ အရေးပေါ် တွေ့ ဆုံခဲ့ပါတယ်။

ယီမင်စစ်ပွဲကြောင့် ကလေးသူငယ်တွေ အာဟာရချို့တဲ့မှု မြင့်တက်လာပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသစ်တွေ ကြုံတွေ့နေရတယ်လို့ ကုလသမဂ္ဂက သတိပေးပါတယ်။

အမေရိကန်အစိုးရက အီရန်ရဲ့ တောင်းဆိုချက်တွေကို လိုက်လျောဖို့ဆန္ဒမရှိဘဲ စစ်ရေးအရ ဖိအား ပေးတဲ့ နည်းလမ်းကိုသာ ရွေးချယ်မယ့် အခြေအနေ ဖြစ်နေပါတယ်။

သံတမန်ရေးအရ စေ့စပ်ညှိနှိုင်းမှုတွေ အကြိမ်ကြိမ် ပျက်ပြားခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသ မှာ စစ်ပွဲ ပြန့်နှံ့လာနိုင်တဲ့ အန္တရာယ်မှာ ကြီးမားလာပါတယ်။

အီရန်က ငြိမ်းချမ်းရေးလမ်းစ ဖွင့်လှစ်ပေးခဲ့ပေမယ့် ဒေါ်နယ်ထရမ့်ရဲ့ ပယ်ချမှုကြောင့် အရှေ့အ လယ်ပိုင်းစစ်ပွဲ အဆုံးသတ်ရေး မရေမရာ ဖြစ်ပေါ်နေပါတယ်။

News: Wall Street Journal/Reuters