ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၅ ရက်

မလေးရှားနိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာနိုင်ငံသို့ ပြန်ပို့မယ့်အစီအစဉ်ကို ချက် ချင်း ရပ်ဆိုင်းဖို့ အရပ်ဘက် အဖွဲ့အစည်း ၁၆၆ ခုက မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကို တောင်း ဆိုလိုက်ပါတယ်။

ဒုက္ခသည်တွေ မြန်မာနိုင်ငံသို့ ပြန်ရောက်ပါက အကြမ်းဖက် ဖိနှိပ်ခံရနိုင်တဲ့ အန္တရာယ်အပြင် စစ် အုပ်စုရဲ့ အဓမ္မ စစ်မှုထမ်းခံရမည်ကို စိုးရိမ်ကြောင်း အရပ်ဘက် အဖွဲ့အစည်းတွေက စက်တင်ဘာ ၂၃ ရက် မှာ ထုတ်ပြန်ခဲ့ပါတယ်။

အန်ဝါအီဘရာဟင်က ဒုက္ခသည် ပြန်လည်လက်ခံရေး ကိစ္စအတွက် ရွေးတုသမ္မတ မင်းအောင် လှိုင်ကို မလေးရှားနိုင်ငံသို့ ဖိတ်ခေါ်ဖို့ ပြင်ဆင်နေကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောကြားခဲ့ပါတယ်။

မလေးရှား ထိန်းသိမ်းရေးစခန်းတွေရောက် မြန်မာနိုင်ငံသား ၁ သောင်းကျော်အနက် ၅,၀၀၀ ခန့် ကို မြန်မာနိုင်ငံသို့ ပြန်ပို့ဖို့ သဘောတူထားပြီး ပထမအသုတ် ၁,၄၇၆ ဦးကို စက်တင်ဘာ ၂၉ ရက်မှာ စစ် သင်္ဘောတွေနဲ့ ပြန်ပို့မှာဖြစ်ပါတယ်။

အရပ်ဘက် အဖွဲ့အစည်းတွေက မလေးရှားအစိုးရအနေနဲ့ ပါလက်စတိုင်းအရေးကို တက်ကြွစွာ ကူညီနေပေမယ့် ရိုဟင်ဂျာ ဒုက္ခသည်တွေအပေါ် ခွဲခြားဆက်ဆံပြီး မင်းအောင်လှိုင်ကို ကြိုဆိုဖို့ ပြင်ဆင် နေတာကို ပြင်းထန်စွာ ဝေဖန်ခဲ့ပါတယ်။

ဒုက္ခသည်တွေကို အန္တရာယ်ရှိတဲ့ စစ်ပွဲဇုန်အတွင်းသို့ ပြန်လည်ပို့ဆောင်ခြင်းဟာ လူမျိုးတုံးသတ် ဖြတ်မှုမှာ ပူးပေါင်းပါဝင်နေသလို ဖြစ်နေကြောင်း ထုတ်ပြန်ချက်က ထောက်ပြပါတယ်။

ရိုဟင်ဂျာတွေကို ပြန်လည်ပို့ဆောင်ခြင်းဟာ ပဋိပက္ခကို ပိုမို ဆိုးရွားလာစေမှာဖြစ်လို့ ပြန်လည်ပို့ ဆောင်မယ့် အစီအစဉ်ကို ချက်ချင်း ရပ်ဆိုင်းဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုပါတယ်။

မလေးရှားနိုင်ငံမှာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ရိုဟင်ဂျာ ၁ သိန်း ၂ သောင်းကျော် ရောက်ရှိနေပြီး မ လေးရှားအစိုးရက ၎င်းတို့ကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားခြင်း မရှိပါဘူး။

မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အရှိန်မြင့်တက်နေပြီး အစိုးရအတွက် လည်း လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်ပေါ်နေတာပါ။

အန်ဝါအီဘရာဟင်က မလေးရှားအနေနဲ့ မြန်မာစစ်အုပ်စုကို အသိအမှတ်မပြုပေမယ့် ဒုက္ခသည် တွေ ပြန်လည်လက်ခံရေးအတွက် မင်းအောင်လှိုင်နဲ့ ဆွေးနွေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

News: The Diplomat
Ref; 166 Civil Society Groups Urge Halt to Malaysia’s Rohingya Deportation Plan