ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၅ ရက်
နယူးယောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု မိန့်ခွန်းမပြောမီ နိုင်ငံတကာ ကိုယ်စားလှယ်အချို့ ခန်းမအတွင်းမှ သပိတ်မှောက် ထွက်ခွာ သွားခဲ့ပါတယ်။
အဆိုပါ လုပ်ရပ်နဲ့ပတ်သက်ပြီး နေတန်ယာဟုက ခန်းမအတွင်း ကျန်ရှိနေတဲ့ ကိုယ်စားလှယ်တွေ ရဲ့ အားပေးမှုနဲ့အတူ “ကျန်ရှိနေသေးတဲ့ စာရိတ္တ မရှိတဲ့ ငရဲခွေးတွေ ရှိရင်လည်း အခုပဲ ထွက်သွားကြပါ” ဟု ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။
အစ္စရေးရဲ့ ဒေသတွင်း စစ်ရေး လှုပ်ရှားမှုတွေကြောင့် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ ရင်ဆိုင်နေရချိန် မှာ နိုင်ငံတကာကိုယ်စားလှယ်အချို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သပိတ်မှောက်မှု ဖြစ်ပွားတာပါ။

အီရန် နျူကလီးယားစက်ရုံတွေကို ဖျက်ဆီးခဲ့တဲ့ စစ်ရေးအရေးယူမှုကို နေတန်ယာဟုက ကာ ကွယ်ခဲ့ပြီး ယင်းလုပ်ရပ်ဟာ အစ္စရေးကိုသာမက သပိတ်မှောက် ထွက်ခွာသွားတဲ့ နိုင်ငံတွေကိုပါ ကာကွယ် ပေးခဲ့တာလို့ ဆိုပါတယ်။
ခေါင်းဆောင် အများအပြားဟာ အီရန် နျူကလီးယား ခြိမ်းခြောက်မှုကို ဖယ်ရှားပေးခဲ့လို့ အစ္စရေး ကို ကျေးဇူးတင်ခဲ့ပေမယ့် ပြုမူပုံမှာ ဟန်ဆောင်ကောင်းနေကြတယ်လို့ နေတန်ယာဟုက ဝေဖန်ပါတယ်။
အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း ဟားမတ်စ်၊ ဟစ်ဇ်ဘိုလာ၊ ဟူသီနဲ့ အီရန် အပါ အဝင် စစ်မျက်နှာ ၇ ခုမှာ အပြင်းအထန် တိုက်ခိုက်ခဲ့ရတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
အီရန်နိုင်ငံမှာ ပြည်သူတွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေ ဖိနှိပ်ခံနေရစဉ် ယခုသပိတ်မှောက်သူတွေ နဲ့ ဆန္ဒပြသူတွေ နှုတ်ဆိတ်နေခဲ့ပြီး အတုအယောင် လူ့အခွင့်အရေး လှုပ်ရှားသူတွေသာဖြစ်တယ်လို့ သူက စွပ်စွဲပါတယ်။
အီရန်ရဲ့ ခြိမ်းခြောက်မှုကို အမေရိကန်၊ အစ္စရေးနဲ့ ကမ္ဘာကြီးအတွက် ရဲရင့်စွာ ဖြေရှင်းပေးခဲ့တဲ့ အ မေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အထူး ကျေးဇူးတင်ကြောင်း နေတန်ယာဟုက ထုတ်ဖော်ပြောပါ တယ်။
၎င်းအား နယူးယောက်မြို့သို့ လာရောက်ခွင့် ပိတ်ပင်ဖို့ ကြိုးပမ်းခဲ့တဲ့ နယူးယောက်မြို့တော်ဝန် ဇိုဟရန်မာမ်ဒါနီ အပါအဝင် ဝေဖန်သူတွေကိုလည်း အမှန်တရားကို ဘယ်သူမှ ပိတ်ပင်လို့မရနိုင်ဘူးလို့ နေ တန်ယာဟုက သတိပေးခဲ့ပါတယ်။
News: Fox News
Ref; Mass walkout before Netanyahu speech prompts fiery response from Israeli prime minister