ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၄ ရက်

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် လွန်စွာ သက် ညှာပေးထားတယ်လို့ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်က စက်တင်ဘာ ၂၃ ရက် အင်တာဗျူးတစ်ခုမှာ ပြောဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံအခြေစိုက် Time မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မင်းအောင်လှိုင်က “ကျွန် တော် သူ့အပေါ် လွန်စွာ သက်ညှာပေးထားပါတယ်” လို့ ပြောပါတယ်။

အခြေအနေတွေ အခုလိုမျိုး မဖြစ်လာအောင်လည်း တတ်နိုင်သမျှ ကြိုးစားခဲ့သေးတယ်လို့ ၎င်းက ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်လို့ အကြောင်းပြကာ ဒေါ်အောင်ဆန်းစု ကြည်ဉီးဆောင်တဲ့ ဒီမိုကရေစီအစိုးရကို မင်းအောင်လှိုင်က အာဏာသိမ်းပြီး ဖြုတ်ချခဲ့တာပါ။

လူ့အခွင့်အရေး အဖွဲ့အစည်းတွေက စစ်တပ်ထံ အာဏာပြန်အပ်ဖို့အတွက် ဒေါ်အောင်ဆန်းစု ကြည်ကို ပုဒ်မမျိုးစုံ တပ်ပြီး ဖမ်းဆီးထားတာလို့ ထောက်ပြကြပါတယ်။

မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်း စစ်တပ်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲအပြီး ကာကွယ် ရေးဦးစီးချုပ်အဖြစ်မှ အနားယူကာ အရပ်သားသမ္မတအဖြစ် ကူးပြောင်းခဲ့တာဖြစ်ပါတယ်။

အဆိုပါ ရွေးကောက်ပွဲကို လူ့အခွင့်အရေး အဖွဲ့တွေက ဟန်ပြပွဲတစ်ခုအဖြစ် ဝေဖန်ခဲ့ကြပြီး အစိုးရ သစ်ဟာလည်း စစ်တပ်လက်ဝေခံသာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံ အထီးကျန်ဖြစ်နေမှုကို အဆုံးသတ်ဖို့ သံတမန်ရေးအရ ကြိုးပမ်း နေပေမယ့် နိုင်ငံတကာက အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို စိုးရိမ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ့်ကိစ္စနဲ့ ပတ်သက်ပြီး “သူ့အပေါ်မှာပဲ မူ တည်ပါတယ်” လို့ မင်းအောင်လှိုင်က ဆိုပေမယ့် အခြေအနေတွေ ပြောင်းလဲသွားနိုင်တယ်လို့ အရိပ်အ မြွက်ပြောပါတယ်။

နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိဖို့ ကြိုးပမ်းမှုအဖြစ် ပြီးခဲ့တဲ့ ဧပြီလအတွင်း ဒေါ်အောင်ဆန်းစု ကြည်ကို အကျဉ်းထောင်မှ နေပြည်တော်ရှိ နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ဖို့ မင်းအောင်လှိုင်က အမိန့် ပေးခဲ့ပါတယ်။

လေ့လာသူတွေက မင်းအောင်လှိုင်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြစ်ဒဏ်ကို လျှော့ပေါ့ပေး မယ့် အလားအလာကို ပြသပြီး နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးပမ်းနေတာလို့ သုံးသပ်ပါတယ်။

အမေရိကန် ဒီမိုကရေစီ၊ ဥရောပ ဒီမိုကရေစီဆိုပြီး စံနှုန်းအမျိုးမျိုး ရှိသလို မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်မယ်လို့ မင်းအောင်လှိုင်က Time မဂ္ဂဇင်းကို ပြောပါ တယ်။

News: AFP
Ref: Myanmar leader says he has been ‘extremely lenient’ towards Suu Kyi: Report