ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၂ ရက်

တရုတ်သမ္မတရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဖိတ်ကြားချက်အရ လာမည့်စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ ချစ်ကြည်ရေးခရီးစဉ်အဖြစ် အမေရိကန်သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်သို့ သွားရောက်မည့်ခရီးစဉ်မထုတ်ပြန်မီ ရက်ပိုင်းအလိုက သမ္မတရှီကျင့်ဖျင်လေဖြတ်သွားသည်ဟူသည့် ကောလဟာလများပျံ့နှံ့ခဲ့ပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့ စက်တင်ဘာ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“တရုတ်နိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ရန်၊ သဘောထားကွဲလွဲမှုတွေကို သင့်တင့်စွာဖြေရှင်းရန်၊ နှစ်နိုင်ငံပြည်သူများ၏ ဆက်ဆံရေးကိုတိုးမြှင့်ရန်၊ ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပူးပေါင်းလုပ်ဆောင်ဖို့အတွက် အသင့်ရှိနေပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ကော်ကျားကွန်း က ပြောဆိုခဲ့သည်။

အဆိုပါခရီးစဉ်သည် သုံးရက်တာကြာမြင့်မည်ဖြစ်ပြီး သမ္မတရှီကျင့်ဖျင်နှင့် သမ္မတဒေါ်နယ်ထရန့်တို့သည် တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို အသေး စိတ် ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် ခြောက်လအတွင်း နှစ်နိုင်ငံခေါင်းဆောင်များ၏ အပြန်အလှန်လာရောက်သည့်ခရီးစဉ်များသည် သမိုင်း ဝင်ဖြစ်ရပ်တစ်ခုဖြစ်ပြီး အလွန်အရေးပါကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် သဘောထားကွဲလွဲမှုများကို ပူးပေါင်းဖြေရှင်းနိုင်ရန်အတွက် အမေရိကန်နှင့်လက်တွဲလုပ်ဆောင်ရန်အသင့်ရှိကြောင်းလည်း ပြောဆိုခဲ့သည်။

ကိုးကား – The Nation Thailand