ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၂ ရက်
ဂျပန်နိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း ‘ဒူဂျူအန်’ ကြောင့် လူပေါင်း ၁ ဒသမ ၆ သန်းကျော် ဘေး လွတ်ရာရွှေ့ပြောင်းကြဖို့ သတိပေးချက် ထုတ်ပြန်ခဲ့ရပြီး မြို့တော်တိုကျို အနီးဝန်းကျင်မှာ ရေကြီးရေလျှံမှု နဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
စက်တင်ဘာ ၂၁ ရက်က တိုကျိုမြို့အနီး တစ်နာရီ မိုင် ၉၀ ခန့်နဲ့ တိုက်ခိုက်ခဲ့တဲ့ အဆိုပါ မုန်တိုင်း ကြောင့် ဒေသတွင်း လျှပ်စစ်မီးတွေ ပြတ်တောက်ခဲ့ပါတယ်။
မုန်တိုင်းကြောင့် လူနှစ်ဦး သေဆုံးသွားခဲ့ပြီလို့ ဂျပန်အာဏာပိုင်တွေနဲ့ ကျိုဒိုသတင်းဌာနတို့က စက်တင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းမှာ မုန်တိုင်းဟာ ပင်လယ်ပြင်ဘက်ကို ဦးတည်ရွေ့လျားသွားပေ မယ့် မုန်တိုင်းဖြတ်သန်းရာ ဒေသတွေမှာ မိုးရွာသွန်းနိုင်သေးကြောင်း ဂျပန် မိုးလေဝသအေဂျင်စီက သတိ ပေးပါတယ်။
မုန်တိုင်းကြောင့် လေကြောင်းလိုင်းတွေက လေယာဉ်ခရီးစဉ် ၂၇၅ ကျော်ကို ဖျက်သိမ်းခဲ့ရလို့ လေ ဆိပ်တွေမှာ ခရီးသည် အမြောက်အမြား သောင်တင်နေပါတယ်။
တိုကျိုနဲ့ အိုဆာကာကို ဆက်သွယ်ထားတဲ့ ကျည်ဆန်ရထား ပြေးဆွဲမှု အပါအဝင် ရထားခရီးစဉ် တွေလည်း ရပ်ဆိုင်းခဲ့ပါတယ်။
ခေတ်ရေစီးကြောင်းအရ လူကြိုက်များတဲ့ ကာမာကူရ အပန်းဖြေမြို့အပါအဝင် မြို့အများအပြား မှာ လမ်းမတွေပေါ် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ရေကြီးရေလျှံမှုများကြောင့် မော်တော်ယာဉ်တွေနဲ့ သွားလာတာမပြုကြဖို့ သက်ဆိုင်ရာ မြို့တော် ဝန်တွေက လူမှုကွန်ရက်မှတစ်ဆင့် သတိပေးခဲ့ပါတယ်။
မုန်တိုင်းကြောင့် တိုကျိုမြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့အကြီးဆုံး ဂိမ်းပြပွဲတစ်ခုဖြစ်တဲ့ Tokyo Game Show အပါအဝင် ဂီတပွဲတော်တွေနဲ့ အားကစားပွဲတွေလည်း စောစီးစွာ ရပ်နားခဲ့ရပါတယ်။
တိုင်ဖွန်းမုန်တိုင်း ‘ဒူဂျူအန်’ ဟာ ဒီနှစ်အတွင်း ဂျပန်နိုင်ငံကို ဝင်ရောက်တိုက်ခိုက်တဲ့ ၂၅ ခု မြောက် မုန်တိုင်းဖြစ်ပြီး ဂျပန်နိုင်ငံဟာ နွေရာသီနှောင်းပိုင်းနဲ့ ဆောင်းဦးအစမှာ မုန်တိုင်းဒဏ်ကို မကြာခ ဏ ကြုံတွေ့ရလေ့ ရှိပါတယ်။
ကိုးကား – Al Jazeera News
Ref; Typhoon Dujuan kills two in Japan, causes travel chaos near Tokyo